ပဲခူးတိုင်းကျောက်ကြီးဒေသ

March 29, 2021

ပဲခူးတိုင်းကျောက်ကြီးဒေသတွင် တိုက်ပွဲဖြစ်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့တပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်တွေ ဒီနေ့ မတ်လ ၂၉ ရက်မနက်မှာ   တိုက်ပွဲဖြစ်ပွားနေပါတယ်။

ကျောက်ကြီးဒေသခံတစ်ဦးက “ ဒီမနက်အစောပိုင်းကတည်းက ပစ်နေကြတာ ခုထိပဲ ကျမတို့ ခုပြောင်းဖို့အထုတ်တွေ တင်နေရပြီ"လို့ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ပြောပါတယ်။ 

ကရင်ပြည်နယ်  ကေအန်ယူ တပ်မဟာ ၅ နယ်မြေထဲကို အကြမ်းဖက်စစ်အုပ်စုက မတ်လ ၂၇ ရက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။  ကျောက်ကြီးဒေသမှာတော့  မတ်လ ၂၈ ရက်နေ့ကတည်းက ဒေသခံတွေကို ပစ်ခတ်မှုတွေရှိနိုင်တာကြောင့် ရှောင်တိမ်းဖို့  အသိပေးထားတယ်လို့ သိရပါတယ်။  

2 months Ago
Up