ပဲခူးဆံတော်တွင်းလမ်း

March 21, 2021

ပဲခူးဆံတော်တွင်းလမ်းမ၌ လက်နက်ကိုင်တပ်များတပ်စွဲထားပြီး ဆန္ဒပြသူများကို ဖြိုခွင်းရန်ပြင်ဆင်

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားတောင်ဘက်ရှိ ဆံတော်တွင်းလမ်းမမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်တွေက မတ်လ ၂၁ ရက် မနက် ၆ နာရီကျော်လောက် ကတည်းက လာရောက်တပ်စွဲထားပြီး ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းဖို့ပြင်ဆင်နေပါတယ်။

ရဲနဲ့စစ်သားတွေက လမ်းထိပ်တွေက အတားအဆီးတွေကိုလည်း မီးရှို့နေကြသလို လမ်းသွားလမ်းလာတွေကိုလည်း ခြောက်လှန့်ပြောဆိုတာတွေရှိနေပါတယ်။

ဒါ့အပြင်မဂ္ဂတစ်လမ်းဘက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ဖို့ပြင်ဆင်နေတဲ့ ပြည်သူတွေကိုလည်း အချိန်မရွေးဝင်ရောက်ဖြိုခွဲနိုင်ဖို့ကိုလည်း ရဲတပ်ဖွဲ့က ပြင်ဆင်မှုတွေလုပ်နေ ပါတယ်။

အကြမ်းဖက်တပ်ဖွဲ့တွေရှိနေတာကြောင့် ပြည်သူတွေအကြား စိုးရိမ်မှုတွေဖြစ်ပေါ်စေပြီး အဲဒီလမ်းကိုလည်း အသုံးပြုလို့မရတော့ဘဲ ကွေ့ရှောင်သွားနေရတဲ့အတွက် သွားလာရေးအခက်ခဲတွေ ဖြစ်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

မတ်လ ၂၀ ရက်နေ့က အဲဒီဆံတော်တွင်းလမ်းမပေါ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ပြည်သူ  ၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရပြီး ၁၁ ဦးလောက် အဖမ်းခံခဲ့ရပါတယ်။

2 years Ago
Up