အမှားလုပ်ခဲ့တာတွေအတွက် ၂ ဂိုးသွင်းပြီး ပြန်လည်ပေးဆပ်နိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်မိ တယ်လို့ အင်္ဂလန်ကွင်းလယ်လူ ဖီးလ်ဖိုဒန်က ပြောပါတယ်။
ဖီးလ်ဖိုဒန်ဟာ မန်ယူက ဂရင်းဝုဒ်နဲ့အတူ ပြီးခဲ့တဲ့လပိုင်းက အမျိုးသမီးတွေကို အသင်း ဟိုတယ်ကို ခေါ်ယူခဲ့လို့ အသင်းလူစာရင်းကနေ ထုတ်ပယ်ခဲ့တာပါ။
အဲဒီနောက်ပိုင်း အင်္ဂလန်အသင်းအတွက် ရွေးချယ်ခြင်းမခံရတော့ဘဲ အခုတစ်ပတ်ကစား ခဲ့တဲ့ ပွဲစဉ်တွေအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။
မနေ့ညကကစားခဲ့တဲ့ အိုက်စလန်နဲ့ပွဲမှာတော့ ဖိုဒန်က ၂ ဂိုးသွင်းခဲ့ပြီး ခြေစွမ်းပြသ နိုင်ခဲ့တာပါ။
အသင်းကနေ ပြန်လည်စေလွှတ်ခံခဲ့ရတဲ့အချိန်က ကစားသမားဘဝရဲ့ အခက်ခဲဆုံးအချိန် တွေဖြစ်ခဲ့ပြီး နည်းပြ ဆောက်ဂိတ်က ယုံကြည်မှုနဲ့လေးစားမှုပြန်ပေးခဲ့တဲ့အတွက် ကျေးဇူး တင်တယ်လို့ ဖိုဒန်က ပြောပါတယ်။
ဒါ့အပြင် နည်းပြရဲ့ ယုံကြည်လေးစားမှုအပေါ်မှာလည်း သွင်းဂိုး ၂ ဂိုးနဲ့ ပြန်လည်ပေးဆပ်နိုင်ခဲ့တာကြောင့် ပျော်ရွှင်မိတယ်လို့ ဖိုဒန်က ပြောပါတယ်။
နည်းပြဆောက် ဂိတ်ကတော့ ဖိုဒန်ဟာ လာမယ့်နှစ်တွေအတွင်းမှာ အင်္ဂလန်အသင်းမှာ အားကိုးရမယ့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ချီးကျူးခဲ့ပါတယ်။
5 months Ago