ပေါ်တို

October 5, 2020

မန်ယူနိုက်တက်အသင်း ပေါ်တိုဘယ်နောက်ခံလူကိုခေါ်ယူရန် ယူရို ၁၅ သန်းဖြင့် သဘောတူညီမှုရရှိ

ပေါ်တိုအသင်းနဲ့ ဆွေးနွေးမှုတွေမှာ အောင်မြင်မှုတွေရရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို ယူရို ၁၅ သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။    နောက်ခံလူနဲ့ပတ်သက်လို့ အသင်း ၂ သင်းကြား ဆွေးနွေးခဲ့ပေမယ့် ယူနိုက်တက်အသင်း ပေးတဲ့ဈေးနှုန်းဟာ ပေါ်တိုဘက်က တောင်းဆိုထားတဲ့ ဈေးနှုန်းနဲ့ ကွာဟချက်ကြီးမားနေတာကြောင့် သဘောတူညီချက်ရရှိဖို့ ခက်ခဲခဲ့ပါတယ်။  ဒါပေမဲ့ အောက်တိုဘာ ၄ ရက်မှာတော့ အသင်း ၂ သင်းကြား သဘောတူညီချက်ရရှိခဲ့ပြီး ကစားသမားကို အောက်တိုဘာ ၅ ရက် အပြောင်းအရွှေ့  မပိတ်သိမ်းချိန်မှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းက ဆောင်ရွက်နေပါတယ်။  စာချုပ်ဟာ ယူရို ၁၅ သန်းတန်ကြေးရှိပြီး ဆုကြေးငွေ ၂ သန်းပါဝင်တဲ့အပြင် သဘောတူ ညီချက်မှာ ၄ နှစ်စာချုပ်နဲ့ ၁ နှစ်ထပ်တိုးခွင့်ရှိနေပါတယ်။ တဲလက်စ်ဟာ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်ဖို့ အောက်တိုဘာ ၅ ရက်မှာ မန်ချက်စတာကို လာရောက်မှာဖြစ်ပါတယ်။  အသက် ၂၇ နှစ်အရွယ် တဲလက်စ်ကို လက်ရှိဘယ်ခြမ်းမှာ ကစားနေတဲ့ လုခ်ရှောနဲ့ နေရာ ပြိုင်လုဖို့ ခေါ်ယူလိုနေတာဖြစ်ပါတယ်။  ဘယ်ခြမ်းမှာ ကစားဖို့ ဘရန်ဒန်ဝီလီယမ်ရှိပေမဲ့ ဒီကစားသမားဟာ ညာသန်ဖြစ်တာကြောင့် ဝမ်ဘစ်ဆာခါရဲ့ ညာခြမ်းအတွက် အရန်အဖြစ် အသုံးပြုသွားဖွယ် ရှိနေပါတယ်။  နောက်ထပ် ညာနောက်ခံလူ တဦးဖြစ်တဲ့ ဒီယေဂိုဒါးလော့ဟာလည်း အောက်တိုဘာ ၅ ရက်မှာပဲ အေစီမီလန်အသင်းကို ၁ ရာသီ အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါးလော့ဟာ မော်ရင်ဟို လက်ထက်မှာ ရောက်ရှိလာသူဖြစ်ပြီး ဝမ်ဘစ်ဆာခါကြောင့် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။  တဲလက်စ်ဟာ ယူနိုက်တက်အသင်းရဲ့ အခုနှစ်နွေရာသီ တတိယမြောက်အပြောင်းရွှေ့ ဖြစ်လာနိုင်ပြီး သူ့မတိုင်ခင် အေဂျက်ဇ်ကွင်းလယ်လူ ဒွန်နီဘန်ဒီဘိခ်ကို ခေါ်ယူထားကာ ဝါရင့် တိုက်စစ်မှူး ကာဗာနီကိုလည်း ခေါ်ယူဖို့ သေချာသလောက်နည်းပါးဖြစ်နေပြီ ဖြစ်ပါတယ်။
1 year Ago

October 1, 2020

တဲလက်စ်အတွက် မန်ယူအသင်း ကမ်းလှမ်းချက် ပေါ်တိုအသင်း အကြောင်းမပြန်သေး

နောက်ခံလူ အဲလက်တဲလက်စ်အတွက် မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို ပေါ်တိုအသင်းက အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။  မန်ယူအသင်းဟာ လုခ်ရှောနေရာမှာ အရန်သင့်အသုံးပြုနိုင်ဖို့ ပေါ်တူဂီကလပ် ပေါ်တို ဘယ်နောက်ခံလူ တဲလက်စ်ကို ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းထားတာပါ။  ကလပ် ၂ သင်းကြားမှာ ပြောင်းရွှေ့ကြေးတန်ဖိုး ညှိနိူင်းနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ စက်တင်ဘာ ၃၀ ရက်အထိတော့ ပေါ်တိုဘက်က အကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။  အသက် ၂၇ နှစ်ရှိ ဘရာဇီးနောက်ခံလူ တဲလက်စ်အတွက် ပေါ်တိုအသင်းက ပေါင် ၁၈ သန်းခန့် ရရှိမှ ရောင်းချမယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။  မန်ယူအသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းချက်ဟာလည်း အဆင်မပြေသေးတာကြောင့် ဘာစီလိုနာက ဒမ်ဘီလီ၊ ဝက်ဖို့ဒ်က အစ္စမိုင်လာ ဆားတို့ကို ခေါ်ယူဖို့ ဆက်လက်ချိတ်ဆက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 
1 year Ago
More News
Up