ပေါ့ဘာ

June 24, 2022

မန်ယူနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် ပေါ့ဘာကို ဂျူဗင်တပ်ပြန်လည်ခေါ်ယူ

အီတလီထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ကွင်းလယ်လူပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါတယ်။ 

ပေါ့ဘာဟာ မန်ယူ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်မှာ အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေတာပါ။ 

ပြင်သစ်ကွင်းလယ်လူဟာ ပီအက်စ်ဂျီအသင်းနဲ့လည်း သတင်းထွက်ပေါ်ခဲ့ပေမယ့် အသင်းဟောင်း ဂျူဗင်တပ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။ 

အသက် ၂၉ နှစ်ရှိ ပေါ့ဘာကို ၄ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး မကြာခင်မှာပဲ ဂျူဗင်တပ်အသင်းက တရားဝင်သတင်းထုတ်ပြန်ပေးဖို့ရှိပါတယ်။ 

ပေါ့ဘာဟာ ၂၀၁၂ ခုနှစ်က မန်ယူအသင်းကနေ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ မန်ယူအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၉ သန်းနဲ့ ပြန်လည်ပြောင်း ရွှေ့ လာခဲ့သူပါ။ 

မန်ယူအသင်းနဲ့ ၆ နှစ်ကြာ ဖြတ်သန်းခဲ့အပြီးမှာတော့ ဂျူဗင်တပ်ဆီ ဒုတိယအကြိမ် ပြန် လည်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ 

5 days Ago

June 2, 2022

ကွင်းလယ်လူ ပေါ့ဘာ အသင်းကထွက်ခွါသွားသည့်အပေါ် မန်ယူပရိသတ်များ ပျော်ရွှင်

ကွင်းလယ်ကစားသမားပေါ့ဘာ အသင်းကနေ ထွက်ခွါသွားတဲ့အပေါ်မှာ မန်ယူအသင်းပရိသတ်တွေက ပျော်ရွှင် ကျေနပ်နေကြပါတယ်။

ပေါ့ဘာဟာ မန်ယူအသင်းနဲ့ ဇွန် ၃၀ ရက်က စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်း မတိုးတော့ဘဲ အသင်းကနေ ထွက်ခွါခွင့်ပြုခဲ့တာပါ။

မန်ယူအသင်းကတော့ အသင်းအတွက် ပေးဆပ်ကစားခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ ပရိသတ်တွေကတော့ ပေါ့ဘာထွက်ခွါတာဟာ သတင်းကောင်းတခုဖြစ်တယ်လို့ ဆိုရှယ်မီဒီယာတွေမှာ မှတ်ချက်ပေးခဲ့ကြပါတယ်။

“လက်ရှိကာလအတွင်းမှာ အသင်းဆီကနေကြားရတဲ့ အကောင်းဆုံးသတင်းပဲ။ ပေါ့ဘာမရှိလေ ကောင်းလေပဲ” လို့ မန်ယူပရိတ်သတ်တဦးက မှတ်ချက်ပေးပါတယ်။

နောက်ထပ် မန်ယူပရိသတ်တဦးကတော့ ပေါ့ဘာအတွက် ဆုမွန်ကောင်းတောင်းပေးတဲ့ အသင်းရဲ့ ကြေညာချက်အပေါ် ချီးကျူးခဲ့ပြီး စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ဖို့ သင်ယူရမှာဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အသက် ၂၉ နှစ်ရှိ ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်က ဂျူဗင်တပ်အသင်းကနေ ပေါင် ၈၉ သန်းနဲ့ မန်ယူအသင်းဆီ တကျော့ပြန် ရောက်လာခဲ့တာတာပါ။ အသင်းအတွက် စုစုပေါင်း ၂၂၆ ပွဲမှာ ၃၉ ဂိုး သွင်းယူပေးခဲ့ပြီး ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ရှုံးထွက်ဖလားတွေ ရယူပေးခဲ့ပါတယ်။

4 weeks Ago
More News
Up