ကျော်ကြားတဲ့ တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ BTS ဟာ စစ်မှုထမ်းတော့မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူအရ ပေါ့ပ်ကြယ်ပွင့်တွေကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။
တောင်ကိုရီးယား အနုပညာရှင်တွေနဲ့ အားကစားသမားတွေ အောင်မြင်မှု အထွတ်အထိပ်ရောက်ချိန်မှာ ၁၈ လတာ စစ်မှုထမ်းတာဝန်ကို အပြည့်အ၀ ထမ်းရမလားဆိုတဲ့ ဆွေးနွေးငြင်းခုံမှုကို ဒီဆုံးဖြတ်ချက်က ပိုပြီးအားကောင်းစေပါတယ်။
ပေါ့ပ်အနုပညာရှင်တွေဟာ နိုင်ငံ့ပုံရိပ်ကို တက်စေပေမယ့် စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးတာက အစိုးရ ရပ်တည်ချက်နဲ့ မကိုက်ညီဘူးဆိုပြီး ကာကွယ်ရေးဝန်ကြီးဌာနက ဖြေရှင်းခဲ့ပါတယ်။
အဖွဲ့ဝင် ၇ ယောက် ပါဝင်တဲ့ BTS ပေါ့ပ်ဂီတအဖွဲ့ဟာ တနှစ်အတွင်း ဘီလ်ဘုတ်ဇယားမှာ နံပါတ်တစ် နေရာရောက်ခဲ့ပြီး တောင်ကိုရီးယား ကေပေါ့ပ်လောကမှာ ဦးဆောင်နေပါတယ်။
BTS အဖွဲ့ဟာ ၂၀၁၉ ခုနှစ် ဂရမ်မီဆု ဆန်ခါတင် အရွေးခံရပြိး နယူးယောက်ကနေ ဆော်ဒီအာရေးဘီးယားအထိ ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
3 years Ago