ပေါ့ဘာကို ရောင်းချသင့်ပြီလို့ မန်ယူကစားသမားဟောင်း ပေါလ်အင့်က တိုက်တွန်းလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ အခုနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် စုစုပေါင်း ၈ ပွဲသာ ကစားပေးထားပါတယ်။
ဒဏ်ရာရရှိနေချိန်မှာ အပြောင်းအရွှေ့သတင်းတွေ အမြဲတမ်းထွက်ပေါ်ခဲ့ပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူနဲ့ အသင်းနည်းပြ ဆိုးလ်ရှားတို့အကြားမှာလည်း တင်းမာမှုတွေ ရှိခဲ့တာပါ။
မန်ယူကစားသမားဟောင်း ပေါလ်အင့်ကတော့ ပေါ့ဘာနဲ့ သူ့ရဲ့အေးဂျင့်တို့ရဲ့ အပြုအမူတွေဟာ တခြားကစားသမားတွေကိုပါ လမ်းလွဲရောက်နိုင်ပြီး ပေါ့ဘာအနေနဲ့ အသင်းမှာ ဆက်ရှိဖို့ မဖြစ်နိုင်တော့ဘဲ ရောင်းချသင့်ပြီလို့ တိုက်တွန်းခဲ့တာပါ။
နည်းပြဆိုးလ်ရှားအနေနဲ့ ပေါ့ဘာကို ရောင်းချလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ကြောင်းနဲ့ လာမယ့်ရာသီမစခင်မှာ ဆုံးဖြတ်ချက်ချဖို့လိုကြောင်း ပေါလ်အင့်က တိုက်တွန်းလိုက်ပါတယ်။
၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ပေါ့ဘာကို ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်အသင်းတွေက ခေါ်ယူလိုနေပါတယ်။
12 months Ago