ပေါလ်စခိုး

December 21, 2020

ပေါလ်စခိုးနှင့် ရွိုင်ကိန်းတို့လို ခြေစွမ်းမျိုး တွန်မီနေး ပြသဟု နဗီးလ်ချီးကျူး

တွန်မီနေးဟာ ပေါလ်စခိုးနဲ့ရွိုင်ကိန်းတို့လို ခြေစွမ်းပြသနိုင်ခဲ့တယ်လို့ ယူနိုက်တက်ဂန္ထဝင် နောက်ခံလူ ဂယ်ရီနဗီးလ်က ချီးကျူးလိုက်ပါတယ်။  ကွင်းလယ်လူ တွန်မီနေးဟာ မနေ့ညက ကစားသွားခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ အဖွင့်ဂိုး ၂ဂိုး ကိုပွဲအစ ၃ မိနစ်အတွင်းမှာပဲ သွင်းယူနိုင်ခဲ့ပါတယ်။  အဲဒီပွဲစဉ်ကို စကိုင်းစပေါ့ကနေ ရွိုင်ကိန်းနဲ့အတူ သုံးသပ်တင်ဆက်ခဲ့တဲ့ နဗီးလ်ကတော့ တွန်မီနေးဟာ ပေါလ်စခိုး နဲ့ ရွိုင်ကိန်းတို့ ကစားသမားအဖြစ် ပြောင်းလဲသွားတယ်လို့ ချီးကျူးခဲ့တာပါ။  တွန်မီနေးအနေနဲ့ တိုက်စစ်လိုက်ပါသွားတာက နည်းဗျူဟာကြောင့်လား၊ သူ့ရဲ့ ဆန္ဒကြောင့်လား မသိပေမဲ့ ကွင်းလယ် အဖျက်ကစားသမားတစ်ဦးက ဒီလို ဂိုးတက်သွင်းနိုင် လိမ့်မယ်လို့ မထင်ခဲ့ကြောင်း နဗီးလ်က ပြောပါတယ်။  ရွိုင်ကိန်းကတော့ နဗီးလ်ရဲ့ ချီးကျူးမှုကို သဘောတူပေမယ့်လည်း တွန်မီနေးက ပေါလ်စခိုးနဲ့ နိူင်းယှဉ်တာက ပိုပြီး မျှတလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ 
1 year Ago

December 16, 2020

ကွင်းလယ်ပိုင်း အားနည်းမှုကြောင့် ချဲလ်ဆီးအသင်း ချန်ပီယံမဖြစ်နိုင်ဟု ပေါလ်စခိုး သုံးသပ်

ကွင်းလယ်ပိုင်းမှာ အခွင့်အရေးဖန်တီးနိုင်စွမ်း အားနည်းတဲ့အချက်က ချဲလ်ဆီးအသင်းကို ချန်ပီယံ မဖြစ်စေနိုင်တဲ့အချက် ဖြစ်တယ်လို့ ပေါလ်စခိုးက သုံးသပ်ဝေဖန်လိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ရတာပါ။ အဲဒီပွဲစဉ်ကို BT Sport ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးကတော့ ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်က ချန်ပီယံဖြစ်ဖို့ အဆင်သင့်မရှိ မသေးကြောင်း ထောက်ပြခဲ့တာပါ။ ကွင်းလယ်မှာ ကန်တေက ထူးချွန်စွာနဲ့ ကစားပြနေပေမယ့် သူ့ရှေ့က မေဆန်မောင့်နဲ့ ခိုင်ဟာဗက်ဇ်တို့က လူငယ်ကစားသမားတွေ ဖြစ်လို့ ထူးခြားတဲ့စွမ်းဆောင်ရည် ပြသနိုင်ခြင်း မရှိဘူးလို့ ပေါလ်စခိုးက ဝေဖန်ပါတယ်။  ချန်ပီယံဖြစ်ဖို့အတွက် အချိန်လိုအပ်နေသေးပြီး မန်စီးတီးနဲ့ လီဗာပူးအသင်းတွေရဲ့ ခြေစွမ်းကို မယှဉ်နိုင်သေးကြောင်း ပေါလ်စခိုးက သုံးသပ်ခဲ့ပါတယ်။ 
1 year Ago
More News
Up