ပေါင် ၂၈ သန်

September 24, 2020

ဘာစီလိုနာနောက်ခံလူ ဆီမီဒိုကို ပေါင် ၂၈ သန်းဖြင့် ဝုဗ်အသင်းခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့နောက်ခံလူ နယ်လ်ဆင်ဆီမီဒို ကို ပေါင် ၂၈ သန်းနဲ့အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ အပိုဆုကြေးတွေနဲ့ပါ ပေါင်းထည့်မယ်ဆိုရင် ပေါင် ၃၇ သန်းလောက်အထိ မြင့်တက်သွားဖို့ရှိနေပြီး ဆီမီဒိုအသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်းလည်း ဘာစီလိုနာဘက်က တရားဝင်ကြေညာခဲ့ပါတယ်။  “ဆီမီဒိုအတွက် ဘာစီလိုနာအသင်းနဲ့ ဝုဗ်အသင်းတို့ကြားမှာ သဘောတူညီချက်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ အပြောင်းအရွှေ့အတွက် ယူရိုသန်း ၃၀ ဆုကြေး ၁၀ သန်းပေး ချေရမှာ ဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။  ဝုဗ်အသင်းဘက်ကလည်း ဒီအပြောင်းအရွေ့ကို အတည်ပြုထုတ်ပြန်ထားပြီး နောက်ခံလူကို ၃ နှစ်စာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိတယ်လို့ အသင်းဥက္ကဋ္ဌ ရှက်ရှီက ပြောပါတယ်။   “ကျနော်တို့အနေနဲ့ ကမ္ဘာ့အဆင်းကစားသမား တဦးကို ကမ္ဘာ့အဆင့်ကလပ် အသင်းတခုဆီကနေ ခေါ်ယူဖို့ အမြဲတမ်းအခွင့်အရေး မရှိနိုင်ပါဘူး။ ဒါ့ကြောင့် ဆီမီဒိုရဲ့အပြောင်းအရွေ့ဟာ ကျနော်တို့အတွက် တိုးတက်မှုတွေ ဆက်ရှိနေဆဲဖြစ်တာကို ပြသနေပါတယ်။”  အသက် ၂၆ နှစ်အရွယ်ပေါ်တူဂီကစားသမား ဆီမီဒိုဟာ ဘာစီလိုနာအသင်းကို ဘင်ဖီကာ အသင်းကနေ ၂၀၁၇ ခုနှစ်မှာ ပေါင် ၂၉ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ၁၀၂ ပွဲကစား၊ ၂ ဂိုးသွင်းကာ ၁၁ ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။  သူဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလား ၂ လုံးအပါအဝင် အရေးပါတဲ့ ဆုဖလား ၄ လုံး ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။  ဆီမီဒိုဟာ ဒီနွေရာသီ ဝုဗ်အသင်းခေါ်ယူထားတဲ့ ၅ ဦး မြောက်ကစားသမားဖြစ်ပြီး သူ့  မတိုင်ခင် ဖေဘီယိုဆေးလ်ဗား၊ ဟိုဗာ၊ ဗန်တင်ဟာနဲ့ ဖာနန်ဒိုမာဆယ်တို့ကိုလည်း ခေါ်ယူထား ပါတယ်။  နူနိုဆန်းတို့စ်ရဲ့ ဝုဗ်အသင်းဟာ ဒီနှစ်မှာ ဥရောပဝင်ခွင့်ထပ်မံရရှိအောင် ဆောင်ရွက်ဖို့ ပစ်မှတ်ထားပါတယ်။  ကစားသမားသစ်ဆီမီဒိုဟာ စက်တင်ဘာ ၂၇ ရက်နေ့ ကစားမယ့် ဝက်စ်ဟမ်း အသင်းနဲ့ပွဲစဉ်မှာ အသင်းသစ်အတွက် ပွဲဦးထွက်ကစားခွင့်ရရှိမယ်လို့ ယူဆရပါတယ်။ 
12 months Ago
Up