ပေါင် ၁ သန်း လှူဒါန်း

March 25, 2020

စီရော်နယ်ဒိုနှင့် အေးဂျင့်တို့ ကိုရိုနာဗိုင်းရပ်စ်ကုသရေးအတွက် ပေါင် ၁ သန်း လှူဒါန်း

ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်းဒက်စ်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုသရေးအတွက် စတာလင်ပေါင် ၁ သန်း လှူဒါန်းလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့နဲ့ ပေါ်တိုမြို့တို့မှာရှိတဲ့ ဆေးရုံတွေကို ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအစီအစဉ်တွေအတွက် ငွေကြေးတရပ် လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။  မန်းဒက်စ်နဲ့ ရော်နယ်ဒိုတို့ဟာ မြို့နှစ်မြို့က ဆေးရုံနှစ်ခုအတွက် ခုတင် ၂၅ လုံးစာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ‌လေသန့်စင်စက်တွေ လှူဒါန်းခဲ့တာဖြစ်ပြီး ရှေ့ရက်ပိုင်းကလည်း ဂျောခ်ျ့မန်းဒက်စ်ဟာ လေသန့်စင်စက် ၈ ခုကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အခုလှူဒါန်းမှုမှာလည်း နှာခေါင်းစည်း အခု ၁‌၀၀၀ နဲ့ ရောဂါကာကွယ်ရေးဝတ်စုံ အထည် ၂၀၀၀၀၀ ပါဝင်တယ်လို့ သိရပါတယ်။
2 years Ago
Up