ပေါင် ၁၉ သန်

January 31, 2020

ပေါ်တူဂီတောင်ပံကစာသမား ပိုဒမ့်စ်ကို ဝုဗ်အသင်းခေါ်ယူ

ဝုဗ်ဗာဟမ်တန်အသင်းဟာ ဂရိကလပ်အိုလံပီယာကော့စ်အသင်း တောင်ပံတိုက်စစ်မှူး ဒယ်နီယယ် ပိုဒမ့်စ်ကို ပေါင် ၁၉ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပါတယ်။ အသက် ၂၄ နှစ်ရှိ တောင်ပံတိုက်စစ်မှူး ပိုဒမ့်စ်ဟာ စပို့တင်းလစ္စဘွန်း အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ဝုဗ်အသင်းနည်းပြ နူနိုဆန်းတို့စ် ခေါ်ယူတဲ့ နောက်ထပ်ပေါ်တူဂီကစားသမားဖြစ်ပါတယ်။  ဝုဗ်အသင်းလို ကြီးမားတဲ့ စီမံကိန်ရှိတဲ့အသင်းကို ပြောင်းရွှေ့လာခဲ့ရလို့ စိတ်လူပ်ရှားမိပြီး ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့က ငယ်ဘ၀အိပ်မက်တခုဖြစ်တယ်လို့ ပိုဒမ့်စ်က စာချုပ်ချုပ်ဆိုအပြီး ပြောပါတယ်။  ပေါ်တူဂီ ယူ၂၁ လက်ရွေးစင်ဟောင်း ဒယ်နီယယ်ပိုဒမ့်ဟာ အခုနှစ်ဘောလုံးရာသီမှာ အိုလံပီယာကော့စ်အသင်းအတွက် စုစု‌ပေါင်း ၂၇ ပွဲကစားပြီး ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
1 year Ago
Up