ပေါင် ၁၇ သန်းဖြင့် ခေါ်ယူ

January 29, 2020

အင်တာမီလန်က ကွင်းလယ်သမား အဲရစ်ဆန်ကို ပေါင် ၁၇ သန်းဖြင့် ခေါ်ယူ

စီးရီးအေကလပ် အင်တာမီလန်အသင်းက ဒိန်းမတ် ကွင်းလယ်သမား အဲရစ်ဆန်ကို  ပေါင် ၁၇ သန်းဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ပါတယ်။ အင်တာမီလန်ဟာ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်သမား အဲရစ်ဆန်ကို စပါးအသင်းကနေ ၄ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူထားတာပါ။ နည်းပြကွန်တီရဲ့ အင်တာမီလန်ဟာ ဒီနှစ်ရာသီထဲမှာ တိုက်စစ်မှူး လူကာကူ၊ ဆန်းချက်ဇ်တို့လို နာမည်ကြီး ကစားသမားတွေကို ခေါ်ယူထားပါတယ်။  ကွင်းလယ်သမား အဲရစ်ဆန်ဟာ စပါးကို ၂၀၁၃ မှာ ရောက်ရှိကာ အသင်းအတွက် ဂိုးပေါင်း ၅၁ ဂိုး သွင်းယူပေးထားပြီး အသင်းဖော်တွေအတွက် ၆၂ ဂိုးရအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
3 years Ago
Up