ပေါင် တစ်သိန်းခွဲ

February 29, 2020

လီဗာပူးအသင်း ဗန်ဒိုက်ကို စာချုပ်သစ်ချုပ်ပြီး လုပ်ခ တိုးပေးမည်

လီဗာပူးအသင်းဟာ နောက်ခံလူ ဗန်ဒိုက်ကို စာချုပ်သစ်ချုပ်ဆိုပြီး လုပ်ခတိုး ပေးဖို့ ပြင်ဆင်နေပါတယ်။   ဗန်ဒိုက်ဟာ လက်ရှိအချိန်မှာ တပတ်လုပ်ခပေါင် တစ်သိန်းနှစ်သောင်းခန့်သာရရှိနေပြီး စာချုပ်သစ်အရ တပတ်လုပ်ခပေါင် တစ်သိန်းခွဲအထိတိုးမြှင့်ရရှိနိုင်မယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာလာနဲ့ မာနေးကိုလည်း စာချုပ်သစ်တွေချုပ်ဆိုပြီး လုပ်ခတွေ တိုးမြှင့်ပေးထားတာဖြစ်ပါတယ်။ အခုနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိနေတဲ့ လီဗာပူးအသင်းဟာ ဗန်ဒိုက်ရဲ့စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ လုပ်ခတိုးပေးဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။  လီဗာပူအသင်းဟာ ဆာလာနဲ့မာနေးတို့နဲ့အတူ တခြားကစားသမား ၁၁ ဦးကိုလည်း စာချုပ် သစ်ချုပ်ဆိုပြီး လုပ်ခတိုးမြှင့်ပေးထားတယ်လို့ သိရပါတယ်။
1 year Ago
Up