ပေါင်သန်း ၈၀

February 17, 2020

အက်စတွန်ဗီလာ တောင်ပံတိုက်စစ်မှူး ဂရေးလစ်ရှ်၏ဈေးနှုန်း ပေါင်သန်း ၈၀ ထိမြင့်တက်

အက်စတွန်ဗီလာအသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂျက်ဂရေးလစ်ရှ်ဟာ လွန်ခဲ့တဲ့ ၁၈ လက စပါးအသင်းကို ပေါင် ၂၅ သန်းနဲ့ ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် လက်ရှိမှာ ပြောင်းရွှေ့ကြေးဟာ ၃ ဆကျော်ထိ မြင့်တက်လာခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ စပါးအသင်းဟာ ဂရေးလစ်ရှ်ကို ဝယ်ယူဖို့အတွက် အနီးစပ်ဆုံးအခြေအနေမှာ ရှိခဲ့သလို အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ကျန်ရှိတော့မယ့်အချိန်မှာ ဗီလာအသင်းမှာပဲ ဆက်နေခဲ့တာ ဖြစ်ပါတယ်။  ဂရေးလစ်ရှ်ဟာ လက်ရှိမှာတော့ ဥရောပထိပ်သီးအသင်းကြီး တော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး ပြောင်းရွှေ့ကြေးဟာလည်း ပေါင်သန်း ၈၀ ထိ မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဂရေးလစ်ရှ်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးက ရေပန်းစားနေပြီးတော့ ဥရောပ ချန်ပီယံ လီဗာပူး၊ စပါး၊ ချဲလ်ဆီးနဲ့ စပိန်ထိပ်သီးအသင်းကြီး နှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေက စိတ်ဝင်စားနေပါတယ်။  ဂျက်ဂရေးလ်လစ်ရှ်ဟာ လူငယ် ကွင်းလယ်ဖန်တီးရှင်တဦးအဖြစ် သတ်မှတ်ခံထားရသလို ကိုယ်တိုင်ဂိုးသွင်းယူနိုင်တဲ့ အရည်အချင်းတွေအပြင် ပရိသတ်နဲ့လည်း အကောင်းဆုံးဆက်ဆံရေး ဖန်တီးနိုင်သူ ဖြစ်တာကြောင့် အခုနှစ်မှာ စောင့်ကြည့်ခံနေရတဲ့ ကစားသမား ဖြစ်လာပါတယ်။
1 year Ago
Up