ပေါင်သန်း ၅၀

December 11, 2020

ပေါ့ဘာကို ပေါင်သန်း ၅၀ ခန့်ဖြင့် မန်ယူ လက်လွှတ်ရဖွယ်ရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ ပေါ့ဘာကို ပေါင်သန်း ၅၀ လောက်နဲ့ လက်လွှတ်ရဖွယ်ရှိ တယ်လို့ သိရပါတယ်။  ပေါ့ဘာရဲ့အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ ကိုယ်တိုင်က ပေါ့ဘာနဲ့ မန်ယူနိုက်တက်အသင်းတို့   ရဲ့အနာဂတ် ပြီးဆုံးသွားပြီဖြစ်ပြီး အသင်းပြောင်းရွှေ့တာက နှစ်ဖက်စလုံးအတွက် ကောင်းမွန်တဲ့ အဖြေဖြစ်တယ်လို့ လူသိရှင်ကြားပြောထားပါတယ်။  လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါ့ဘာကို ရောင်းချသွားဖို့ရှိနေပြီး ပေါင်သန်း ၅၀ ခန့်သာ ပြောင်းရွှေ့ကြေး ရရှိနိုင်မယ်လို့ The Sun သတင်းစာက ဖော်ပြ ပါတယ်။  မန်ယူအသင်းဟာ ပေါ့ဘာကို ၂၀၁၆ ခုနှစ်က ပေါင် ၈၉ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။  မန်ယူအသင်းအနေနဲ့ ပေါ့ဘာကို ဝယ်ယူစဉ်ကထက် တန်ဖိုးလျှော့ချပြီး ရောင်းချရမှာ ဖြစ်ပေမဲ့ ထိပ်တန်းအဆင့် လုပ်ခလစာပေးချေနေရမှုကနေတော့ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။  ပေါ့ဘာဟာ တစ်ပတ် လုပ်ခပေါင် ၂၉၀,၀၀၀  အထိ ရရှိနေသူဖြစ်ပြီး သူ့ကို ရောင်းချ မယ်ဆိုရင် အသင်းရဲ့ဘဏ္ဍာရေးအတွက် ပိုမိုအဆင်ပြေနိုင်မယ်လို့သိရပါတယ်။  ပေါ့ဘာဟာ လက်တလော သတင်းတွေအရတော့  ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊အင်တာမီလန်အစရှိတဲ့အသင်းတွေ ဆီပြောင်းရွှေ့မယ်လို့ ရေပန်းစားနေပါတယ်။
1 year Ago
Up