ပေါင်သန်း ၃၆၀

October 16, 2020

စီရော်နယ်ဒိုကို အလိုက်ပေးပြီး ပေါင်သန်း ၃၆၀ ဖြင့် အမ်ဘာပေကို ဂျူဗင်တပ်စ် ကမ်းလှမ်းမည်

ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်ဒိုကို အလိုက်ပေးပြီး ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို ကမ်းလှမ်သွားဖို့ ပြင်ဆင်ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။  ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ ခြေစွမ်းပြနေပြီး အနာဂတ်မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဖြစ်လာလိမ့်မယ်လို့ သတ်မှတ်ခံထားရတာပါ။  အီတလီသတင်းစာ တ‌စောင်ရဲ့အဆိုအရ ဂျူဗင်တပ်စ်အသင်းဟာ အမ်ဘာပေအတွက် စီရော်နယ်ဒိုကို အလိုက်ပေးမယ့်အပြင် ပေါင်သန်း ၃၆၀ နဲ့ ကမ်လှမ်းသွားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။  စီရော်နယ်ဒိုက ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်း ဘက်ကလည်း လက်ခံဖို့ စဉ်းစားနိုင်တယ်လို့ ဆိုပါတယ်။  အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း သတင်းထွက်ပေါ်နေပြီး အခုနှစ်ရာသီ အကုန်မှာ အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်မယ်လို့ သိရပါတယ်။ 
7 months Ago
Up