ပေါင်သန်း ၃၀

September 20, 2020

စပိန်ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို ပေါင်သန်း ၃၀ ဖြင့် စပါးအသင်း ခေါ်ယူ

စပါးအသင်းဟာ စပိန်လက်ရွေးစင် ရယ်ဂီလွန်အတွက် ရီးရဲလ်မက်ဒရစ်ကို ပေါင်သန်း ၃၀ ပေးချေခဲ့ရပြီး ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အသက် ၂၃ နှစ်ရှိ စပိန်လက်ရွေးစင် ရယ်ဂီလွန်ဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းမှာ အငှားထွက်ကစားခဲ့ပြီး ယူရိုပါလိဂ် ဆုဖလား ရယူပေးနိုင်ခဲ့သူပါ။ ရယ်ဂီလွန်ဟာ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တဲ့ ဂါရတ်ဘေးလ်နဲ့အတူ စပါးအသင်းကို အတူရောက်ရှိလာခဲ့တာဖြစ်ပြီး ကျောနံပါတ် ၃ ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။  စိန်ခေါ်မှုသစ်အတွက် စိတ်လှုပ်ရှားမိတယ်လို့လည်း ရယ်ဂီလွန်က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။  ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို မန်ယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် စပါးအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။  စပါးအသင်းဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ဂါရတ်ဘေးလ်၊ ဟော့ချ်ဘယက်၊ ဒိုဟာတီနဲ့ ဂျိုးဟတ်တို့ကိုလည်း ခေါ်ယူနိုင်ခဲ့ပါတယ်။ 
7 months Ago

May 21, 2020

အဲဗာတန်အသင်း ပေါင်သန်း ၃၀ တန် ဂျာစီစပွန်ဆာရ

အဲဗာတန်အသင်းဟာ  ဒိန်းမတ်အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ဟမ်မဲလ်နဲ့  ပေါင်သန်း ၃၀ တန် စပွန်ဆာစာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပါတယ်။  အဲဗာတန်အသင်းဟာ ဟမ်မဲလ်ကုမ္ပဏီနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ၃ နှစ်စာအတွက်  ပေါင်သန်း၃၀ ရရှိမှာဖြစ်ပါတယ်။  ဒီပမာဏဟာ ကလပ်အသင်းသမိုင်းမှာ အများဆုံး ဂျာစီစပွန်ဆာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ၂၀၁၄ ခုနှစ်ကတည်းက  အမ်ဘရိုနဲ့ တစ်နှစ် ပေါင် ၄ ဒသမ ၅ သန်း တန်ကြေးရှိ စပွန်ဆာ ရရှိခဲ့ပြီး အခုနှစ်ရာသီအကုန်မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ဘောလုံးပွဲစဉ်တွေပြန်လည်စတင်တဲ့ အချိန်မှာ လက်ရှိဝတ်ဆင်နေတဲ့  အမ်ဘရိုဂျာစီကို ဆက်လက် ဝတ်ဆင်မှာဖြစ်ပြီး လာမယ့်ရာသီကစလို့ ဟမ်မဲလ်တံဆိပ်ပါ ဂျာစီတွေကို စတင်ဝတ်ဆင်မှာဖြစ်ပါတယ်။  ဒိန်းမတ်ကုမ္ပဏီ ဟမ်မဲလ်ဟာ စကော့တန်ကလပ် ရိန်းဂျားအသင်းကိုလည်း ဂျာစီစပွန်ဆာပေးထားပါတယ်။ 
11 months Ago
More News
Up