ပေါင်မြို့နယ်

June 2, 2021

ပေါင်မြို့နယ်က လူငယ်များ NUG အစိုးရကို ထောက်ခံကြိုဆို

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က  လူငယ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်း ဇွန်လ  ၂ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့တဲ့လူငယ်တွေကတော့  အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်မှုမခံရအောင် ရတဲ့နည်းနဲ့ တော်လှန်နေမယ်လို့ ပြောကြပါတယ်။ ပေါင်မြို့နယ် လူငယ်တွေဟာ အာဏာသိမ်း စစ်ကောင်စီကို လက်မခံနိုင်ကြောင်း သပိတ်မျိုးစုံ ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်နေတာပါ။

3 weeks Ago

May 29, 2021

ပေါင်မြို့နယ်က ဆရာ၊ ဆရာမ ‌၄၃၄ ဦး ရာထူးကထုတ်ပယ်ခံရ

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်က အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ အခြေခံပညာကျောင်း ဆရာ၊ ဆရာမ ၄၃၄ ဦး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေကို အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်တာ၊ ဝန်ထမ်းစည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မေလ ၂၇ ရက်နေ့မှာ ရာထူးမှ ထုတ်ပယ်ခဲ့တာပါ။

ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေထဲမှာ အထက်တန်းပြ၊ အလယ်တန်းကျောင်းအုပ်ကြီးအဆင့်တွေအပြင် မူလတန်းပြနဲ့လုပ်သားအဆင့် ဝန်ထမ်းတွေပါ ပါဝင်ပါတယ်။

ရာထူးကနေ ထုတ်ပယ်ခံရတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ၆ လအတွင်း နိုင်ငံဝန်ထမ်းနည်းဥပဒေအရ အယူခံဝင်နိုင်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ‌ မွန်ပြည်နယ်အတွင်းက CDM ဆရာ၊ ဆရာမ‌ ၃၃၀၀ ကျော်ကိုလည်း တာဝန်ကနေ ယာယီရပ်ဆိုင်းထားပါတယ်။

4 weeks Ago
More News
Up