ပေါက်အင်းဒေသက ကုန်တွင်းရေလုပ်သားတို့ရဲ့ ဘဝပုံရိပ်များ

January 13, 2020

ပေါက်အင်းဒေသက ကုန်းတွင်းရေလုပ်သားတို့ရဲ့ ဘဝပုံရိပ်များ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ပေါက်အင်းဒေသမှာ ပေါက်အင်းအတွင်း ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ကုန်းတွင်း ရေလုပ်သားတွေကို မြင်တွေ့နိုင်ပါတယ်။  နှစ်စဉ်ပေါက်အင်းကို လေလံဆွဲပြီး ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေကြတာပါ။ ဒီနှစ်မှာတော့ လေလံစျေးတွေလည်း မြင့်တက်ခဲ့သလို ရာသီဥတုဖောက်ပြန်လို့ မိုးနည်းပြီး ချင်းတွင်းမြစ်ရေကလည်း တကြိမ်ပဲ ဝင်ရောက်ခဲ့ပါတယ်။  ဒါ့အပြင်လည်း အင်းအနီးပတ်ဝန်းကျင်က ဖရဲ၊ သခွားစိုက်ခင်းတွေမှာသုံးစွဲတဲ့ ဓာတုဆေး တွေရဲ့ ဓာတ်ကြွင်းတွေကြောင့် ကန်ထဲမှာ ငါးမျိုးစိတ်တချို့ ပျောက်ကုန်ပြီလို့ ငါးလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ပြောစကားအရ သိရပါတယ်။ ငါးအထွက်နှုန်းလည်း နည်းပါးလာသလို  ကြီးထွားမှုကလည်း မနှစ်ကလောက်တောင် မရှိတော့တဲ့အတွက် ငါးလေလံဆွဲသူတွေ အရှုံးပေါ်နေကြပါတယ်။
3 years Ago
Up