ပေါက်တိုက်ကျေးရွာ အုပ်ချုပ်ရေးမှုူး

August 15, 2021

ယင်းမာပင်မြို့နယ် ပေါက်တိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပေါက်တိုက်ကျေးရွာက  အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ဟာ ဩဂုတ် ၁၅ ရက် ဒီမနက် ၁ နာရီလောက်က နေအိမ်မှာ သေနတ်နဲ့ အပစ်သတ်ခံရပြီး ‌သေဆုံးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

“ည ၁ နာရီလောက် သေနတ်သံ ကြားရတော့ ရွာသားတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ အိပ်ကောင်းအချိန်ကြီး။ ပစ်တာကတော့ ခေါင်းကို ပစ်သွားတာ။ သူ့မိသားစုဝင်တွေကိုပါ ရိုက်နှက်သွားတယ်လို့တော့ကြားတယ်။ မဆိုင်တဲ့သူ တစ်‌ယောက်မှ မကပ်ကြနဲ့လို့‌  ‌အော်တာတွေလည်း ကြားရတယ်။ ဘယ်အဖွဲ့က သတ်တယ်လို့တော့ မသိဘူး”လို့ ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။

ပေါက်တိုက်ကျေးရွာဟာ အိမ်ခြေ ၂၀၀ လောက်ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ဟာ လက်ရှိအချိန်အထိ အုပ်ချုပ်ရေးမှူးတာဝန်ကနေ နုတ်ထွက်ခြင်းမရှိဘဲ အာဏာသိမ်း စစ်ကောင်စီနဲ့ လက်တွဲ လုပ်ဆောင်နေတဲ့သူတစ်ဦး ဖြစ်ပါတယ်။

4 months Ago
Up