SpaceX ရဲ့ Strarship ဒုံးကျည်နမူနာတခုဟာ ဖိအားဆိုင်ရာ စမ်းသပ်မှုတခုအတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ရပါတယ်။
စမ်းသပ်မှုကို နိုဝင်ဘာ ၂၀ ရက် ကုမ္ပဏီရဲ့ တက္ကဆက်စက်ရုံမှာ ဆောင်ရွက်ခဲ့တာပါ။ Reuters က ရရှိခဲ့တဲ့ ဗွီဒီယိုဖိုင်တခုမှာလည်း ကုမ္ပဏီရဲ့ ဘိုကာချီကာမှာရှိတဲ့ စက်ရုံအတွင်း ဒုံးကျည်ပျက်စီးသွားပြီးတဲ့နောက် အပျက်အစီး အပိုင်းအစတွေ ပြုတ်ကျလာတာကို တွေ့ရပါတယ်။
ပျက်စီးခဲ့တဲ့ ဒုံးကျည်နမူနာကို Mk1 လို့ နာမည်ပေးထားတာဖြစ်ပြီး ဒါကို SpaceX ရဲ့ စီအီးအို အယ်လွန်မက်က အခုနှစ် စက်တင်ဘာမှာ ထုတ်ဖော် ပြသခဲ့ပါတယ်။
Starship အစီအစဉ်ဟာ လကမ္ဘာနဲ့ မားစ်ဂြိုဟ်တို့ကို လူသားတွေကို ပို့ဆောင်မယ့်အစီအစဉ် ဖြစ်ပြီး ပေါက်ကွဲသွားတဲ့ Mk1 ကိုတော့ ဒီအစီအစဉ်အတွက် ဆက်သုံးတော့မှာ မဟုတ်ဘူးလို့ မက်က ပြောပါတယ်။
သူ့နေရာမှာ နောက်ထပ် ဖန်တီးမှုအသစ်တခုကို အစားထိုး အသုံးပြုသွားမယ်လို့လည်း သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။
3 years Ago