ပေါက်ကွဲမှု ၃ ကြိမ်

May 22, 2021

မူဆယ်ကုန်သွယ်​ရေးဇုန်၌ ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်

မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကားကြီးဝင်းအတွင်းမှာ မေ ၂၂ ရက် နေ့လယ် ၁ နာရီ လောက်က ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ အနီးအနားနေထိုင်သူဆီက သိရပါတယ်။ 

ကားကြီးဝင်းအတွင်း ပေါက်ကွဲသံ ၃ ချက်ကြားခဲ့ရတာဖြစ်ပြီး ဘာပေါက်ကွဲတယ်ဆိုတာကို တော့ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။ 

. ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့  စစ်ကောင်စီတပ်တွေကတော့ ဘာတွေဆက်လုပ်သွားမလဲ မသိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

7 months Ago
Up