လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်ပြီး ၁ လအကြာ စက်တင်ဘာ ၁၀ ရက်က အဲဒီဆိပ်ကမ်းမှာပဲ နောက်ထပ် မီးအကြီးအကျယ် လောင်ခဲ့ပါတယ်။
ဒေသစံတော်ချိန် ၁ နာရီခန့်က မီးစလောင်ခဲ့ပြီး ဘေရွတ်မြို့ နေရာတချို့ကို နာရီနဲ့ချီပြီး လောင်းကျွမ်းခဲ့ပါတယ်။
မီးဟာ ပျက်စီးနေတဲ့ ဆိပ်ကမ်းအခွန်လွတ်ဇုန်က စလောင်ခဲ့ပြီး ဘေရွတ်ကနေ ဒေသခံ တချို့ ထွက်ပြေးခဲ့ရပါတယ်။
လောင်ကျွမ်းနေတဲ့မီးကို မြေပြင်က မီးသတ်သမားတွေက ငြှိမ်းသတ်သလို စစ်ရဟတ် ယာဉ်ကနေလည်း ရေလောင်းငြှိမ်းသတ်ခဲ့ပါတယ်။
ညနေပိုင်းမှာတော့ မီးတောက်အများစုကို ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဂျနီဗာအခြေစိုက်နိုင်ငံတကာ ကြက်ခြေနီကော်မတီကတော့ မီးလောင်ခဲ့တဲ့ ဂိုဒေါင်တလုံးမှာ အကူအညီပေးရေးရိက္ခာတွေ သိုလှောင်ထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကူညီပေးရေးလုပ်ငန်းတွေ ဆိုးဆိုးရွားရွား ထိခိုက်နိုင်ချေရှိတယ်လို့ အရှေ့ အလယ်ပိုင်း ICRC ဒါရိုက်တာက ပြောပါတယ်။
လက်ဘနွန်သမ္မတ မီရှယ် အာဝင်က အမှားအယွင်း တခုခု ဒါမှမဟုတ် ပေါ့ဆတာကြောင့် မီးလောင်တာ ဖြစ်နိုင်တယ်လို့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။
6 months Ago