ပေါက်ကွဲမီးလောင်

October 26, 2020

ခရိုင်းမီးယားဒေသတွင် ရုရှားရေနံတင်သင်္ဘော ပေါက်ကွဲမီးလောင်၊ ၃ ဦးပျောက်ဆုံး

ခရိုင်းမီးယားဒေသအရှေ့ပိုင်းက ကယက်ရှ်ရေလက်ကြားကိုဖြတ်ပြီး ရို့စ်တို့ဗ်အွန်ဒွန်ဆိပ်ကမ်းကို သွားနေတဲ့ ရုရှားရေနံတင်သင်္ဘောတစီး အောက်တိုဘာ ၂၄ ရက်မှာ ပေါက်ကွဲ မီးလောင်အပြီး လူ ၃ ယောက် ပျောက်နေတယ်လို့ ရုရှားပြည်ထောင်စုပင်လယ်ရေကြောင်း အေဂျင်စီက ပြောပါတယ်။ ရုရှားအရေးပေါ်ဝန်ကြီးဌာနကလည်း ပျောက်ဆုံးနေသူတွေကို ဆက်ရှာနေတယ်လို့ အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။ ဟာဇီအက်စ်လာနော့ဗ်သင်္ဘောဟာ ရေနံတွေ တင်လာတာမဟုတ်ဘဲ ပေါက်ကွဲတာကတော့ လက်ကျန်အမြှုပ်တွေကြောင့် ဖြစ်နိုင်တယ်လို့လည်း ပြည်ထောင်စုပင်လယ်နဲ့ မြစ်ချောင်း သယ်ယူပို့ဆောင်ရေးအေဂျင်စီက ပြောပါတယ်။  ပျောက်ဆုံးနေသူတွေကို ၄၀၀ စတုရန်းကီလိုမီတာကျယ်တဲ့ ပင်လယ်ပြင်မှာ ကယ်ဆယ်ရေးသမားတွေက ညလုံးပေါက် ရှာနေတာပါ။ သင်္ဘောပေါ်မှာ လူ ၁၃ ယောက်ပါပြီး ၆ ယောက်ကို ကယ်နိုင်ခဲ့ပြီးပါပြီ။ လေးယောက်ကတော့ သင်္ဘောကုန်းပတ်ပေါ်မှာ ကျန်နေတယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
7 months Ago

July 7, 2020

ကိုလံဘီယာတွင် လောင်စာတင်ယာဉ် ပေါက်ကွဲမီးလောင်သဖြင့် ၇ ဦးသေဆုံး၊ ၅၀ ကျော် ဒဏ်ရာရ

ကိုလံဘီယာနိုင်ငံမြောက်ပိုင်းမှာ ဇူလိုင် ၆ ရက်က  လောင်စာတင်ယာဉ်တစ်စီး ပေါက်ကွဲပြီး ၇ ယောက်ထက်မနည်း သေဆုံးကာ လူ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဘာရန်ကီလာမြို့အရှေ့ဘက်မှာ လောင်စာတင်ယာဉ် တိမ်းမှောက်ခဲ့ပြီး ဒေသခံတွေ ဓာတ်ဆီလာယူရာကနေ ပေါက်ကွဲခဲ့ကာ အများအပြား မီးလောင်ခံရတယ်လို့ ဒေသမီဒီယာက ဖော်ပြပါတယ်။  ကိုလံဘီယာ သမ္မတအီဗန်ဒူကေးကလည်း သေဆုံးခဲ့သူတွေနဲ့ တသားတည်း အတူရှိတယ်လို့ သတင်းစကားပါးခဲ့ပါတယ်။  ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ကိုလံဘီယာနိုင်ငံရဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပြိုလဲနေချိန်မှာ ဒီလို မတော်တဆမှု ဖြစ်ခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
10 months Ago
Up