ပလေးဘွိုင်မဂ္ဂဇင်း

A d v e r t i s e m e n t With Us

October 14, 2015

ပလေးဘွိုင်မဂ္ဂဇင်းတွင် အမျိုးသမီးအ၀တ်အစားမပါသည့်ပုံများ ထည့်သွင်းတော့မည်မဟုတ်

အမျိုးသားဖတ် မဂ္ဂဇင်းအဖြစ် လူသိများတဲ့ ပလေးဘွိုင် မဂ္ဂဇင်းဟာ အမျိုးသမီးတွေရဲ့ အဝတ်အစားမပါတဲ့ ဓာတ်ပုံတွေကို နောက်ထပ် ထည့်သွင်းတော့မှာ မဟုတ်ဘူးလို့ သနယူးယောက်တိုင်းမ်စ် သတင်းစာက အစီရင်ခံပါတယ်။ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် စကော့တ် ဖလန်ဒါစ်ကို ကိုးကားပြီး အောက်တိုဘာလ ၁၁ ရက်နေ့က အစီရင် ခံခဲ့တာပါ။ အဝတ်မပါတဲ့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို ပုံနှိပ်ဖြန့်ချိတာ ရပ်တံ့ဖို့ မဂ္ဂဇင်းရဲ့ ထိပ်တန်း အယ်ဒီတာ ကိုရီ ဂျုံးစ်ရဲ့ အဆိုပြုချက်ကို မဂ္ဂဇင်း တည်ထောင်သူနဲ့ အယ်ဒီတာချုပ် ဟုခ်ျ ဟဲ့ဖ်နာက အရင်လက သဘောတူခဲ့တာလို့ သတင်းစာက ဆိုပါတယ်။ ဒီနေ့ခေတ်မှာ ဆယ်ကျော်သက် ယောက်ျားလေးတိင်းက အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းတွေ ရှိနေပြီး ကာမရာဂစိတ် လှုံ့ဆော်တဲ့ ဓာတ်ပုံတွေက အင်တာနက် ပေါ်မှာ ပေါများနေတာပါ။ မဂ္ဂဇင်းဟာ ကိုယ်ဟန်ပြပုံတွေနဲ့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို ဆက်ဖြန့်ချိမှာ ဖြစ်ပေမယ့် လုံးဝ အဝတ်မပါတာမျိုးတော့ မဟုတ်ဘူးလို့ သတင်းစာက ဆိုပါတယ်။ ပလေးဘွိုင်မဂ္ဂဇင်း ကနဦး အောင်မြင်ချိန်တည်းက အဝတ်မပါတဲ့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကြောင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေး ရှုထောင့်ကနေ တိုက်ခိုက်ခံခဲ့ရတာပါ အမျိုးသမီးရေး ဝါဒီတွေက ဒီမဂ္ဂဇင်းဟာ အမျိုးသမီးတွေကို လိင်ပိုင်ဆိုင်ရာ ပစ္စည်းတရပ် အဖြစ် အဆင့်လျှော့ချခဲ့တယ်လို့ ပြောကြပါတယ်။ ပလေးဘွိုင် မဂ္ဂဇင်းဟာ နာမည်ကျော်ထိပ်တန်း စာရေးဆရာတွေရဲ့ ဉာဏဆိုင်ရာ အရေးအသားတွေကိုလဲ အမြဲတမ်းထည့်သွင်း ပုံနှိပ်ခဲ့တာပါ။  ဒီအချက်ဟာ အမျိုးသားတွေက ဓာတ်ပုံတွေအတွက် ဝယ်တာ မဟုတ်ဘူးလို့ ပြောစရာ ဖြစ်ခဲ့ပါတယ်။ ပလေးဘွိုင် မဂ္ဂဇင်းဟာ ဖီဒယ်လ် ကတ်စထရို၊ မာတင် လူသာကင်း ဂျူနီယာယ မယ်လ်ကွန် အဲ့က်စ်နဲ့ ဂျွန် လန်နွန်တို့လို သမိုင်းဝင် အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ နှိုက်နှိုက်ချွတ်ချွတ် လူတွေ့ မေးမြန်းခန်းတွေကိုလည်း ပုံမှန် ဆောင်းပါးအဖြစ် ထည့်သွင်း ဖော်ပြခဲ့ဖူးပါတယ်။
5 years Ago
Up