ပထွေးကို ဖမ်းဆီး

September 15, 2017

၁၀ နှစ် သမီးအား အဓမ္မပြုကျင်ရန် ကြံစည်သည့် ပထွေးကို ဖမ်းဆီး

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင်ရပ်ကွက်မှာ ၁၀ နှစ်အရွယ် သမီးအား သားမယားအဖြစ်ပြုကျင့်ဖို့ ကြံစည်ခဲ့တဲ့ ပထွေးဖြစ်သူကို ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ မြိတ်မြို့မရဲစခန်းက ပြောပါတယ်။ အင်းလေးမြိုင်ရပ်၊ နှင်းဆီလမ်းမှာ နေထိုင်တဲ့ အဘွားဖြစ်သူ ဒေါ်သန်းရီဟာ စက်တင်ဘာ ၉ ရက်နေ့၊ မနက် ၉ နာရီလောက်က နေအိမ်ကနေ ဆိပ်ငယ်ဈေးကြီးကို ဈေးဝယ်ဖို့ ထွက်ခွာသွားခဲ့ချိန်မှာ သားဖြစ်သူ အောင်နိုင်ဦးက မြေးဖြစ်တဲ့ မ --- (၁၀) နှစ်ရဲ့ မိန်းမကိုယ်အားပွတ်သပ်ကာ သားမယားအဖြစ်ပြုကျင့်ဖို့ ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် မ---(၁၀) နှစ်က ည ၈ နာရီလောက်မှာ အဘွားဖြစ်သူ ဒေါ်သန်းရီကို ဖြစ်စဉ်အသေးစိတ် ပြန်လည်ပြောကြားခဲ့တာလို့ သိရပါတယ်။ "ကျူးလွန်တဲ့သူ အောင်နိုင်ဦးက မ-----(၁၀) နှစ်ရဲ့ ပထွေးဖြစ်တယ်၊ မ-----(၁၀) နှစ်ရဲ့ အမေနဲ့ ညားတဲ့အချိန်မှာ ကိုယ်ဝန်နဲ့ပါလာတာလေ၊ ခုလက်ရှိမှာ မ-----(၁၀) နှစ်ရဲ့ အမေနဲ့ ကွဲနေတယ်။ ဒေါ်သန်းရီရဲ့အိမ်မှာပဲ နေကြတယ်။ ကျူးလွန်တဲ့အချိန်က အောင်နိုင်ဦးက အရက်သေစာသောက်စားထားတယ်၊ ဒါကြောင့်လည်း ပြစ်မှုကျူးလွန်ခဲ့တယ်" လို့ ရဲအုပ် လှမျိုးဝေက ပြောပါတယ်။ မြေးဖြစ်သူ မ-----အား သားမယားအဖြစ် ပြုကျင့်ဖို့ ကြံစည်အားထုတ်ခဲ့သူ အောင်နိုင်ဦးကို အရေးယူပေးဖို့ ဒေါ်သန်းရီက တရားလိုပြုတိုင်တန်းလို့ မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
4 years Ago
Up