ပေကျင်

A d v e r t i s e m e n t With Us

June 22, 2020

ဝန်ထမ်းအချို့ ကိုဗစ်-၁၉ ကူးစက်ခံရသဖြင့် ပေကျင်းမြို့ ပက်ပ်စီစက်ရုံ ထုတ်လုပ်မှုရပ်ဆိုင်း

တရုတ်နိုင်ငံမြို့တော် ပေကျင်းက ပက်ပ်စီကုမ္ပဏီရဲ့စက်ရုံတရုံမှာ ဝန်ထမ်းတချို့ ကိုဗစ်-၁၉ ကူးစက်ခံထားရတာမို့ ထုပ်လုပ်ရေးကို ရပ်ဆိုင်းထားလိုက်ရတယ်လို့ ကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေး ဒါရိုက်တာက ဇွန်လ ၂၁ ရက်မှာ ပြောပါတယ်။  ကုမ္ပဏီဟာ ဝန်ထမ်းတွေထဲ ပထမဆုံးကူးစက်ခံရမှုဖြစ်တာနဲ့ အလျင်အမြန် တုံ့ပြန်ခဲ့တယ်လို့ သူကဆိုပါတယ်။  ကူးစက်ခံဝန်ထမ်းဟာ ပေကျင်းရဲ့ ရှင်ဖာဒီလက်ကားဈေးကြီးနဲ့ ဆက်နွှယ်မှုရှိပြီး ဖြစ်စဉ်ကို သိသိချင်းမှာပဲ ထုတ်လုပ်မှုကို ရပ်ဆိုင်းတာ၊ ပိုးသတ်ဆေးတွေ ဖြန်းတာ၊ လူတဦးချင်းကို ခွဲ ထုတ်စောင့်ကြည့်တာတွေ လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။  ပထမဆုံးအတည်ပြု လူနာကို ဇွန်လ ၁၅ ရက်မှာ တွေ့ခဲ့တာဖြစ်ပြီး အဲဒီနေ့ မနက် ၈ နာရီမှာပဲ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့သလို ဝန်ထမ်းအားလုံးကို အိမ်မှာပဲ ရောဂါခြေချုပ်နဲ့  ကွာရင်တင်း ဝင်ခိုင်းထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ် ။ 
8 months Ago

June 13, 2020

ပေကျင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်လာ၍ အဓိကလက်ကားဈေးကြီးကို ပိတ်

တရုတ်နိုင်ငံမြို့တော် ပေကျင်းမှာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်လာတဲ့အတွက် အဓိကလက်ကားဈေးကြီးဖြစ်တဲ့ Xinfadi ရှင်ဖန်ဒီဈေးကို အာဏာ ပိုင်တွေက ဇွန် ၁၃ ရက်ကစလို့ ယာယီပြန်ပိတ်ထားလိုက်ရတယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။ ဒါဟာ ဈေးကို မကြာမီက အလည်ရောက်လာတဲ့ အသားသုတေသနစင်တာမှာ အလုပ်လုပ်သူ နှစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိရလို့ပါ။  လတ်တလောမှာတော့ ဒီလူတွေ ဘယ်လိုကူးစက်ခံထားရတယ်ဆိုတာတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။  ရှင်ဖန်ဒီဈေးက ဆယ်လ်မွန်ငါးခုတ်တဲ့ စဉ်းနှီပြားတွေပေါ်မှာလည်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိလို့  ပေကျင်းက အဓိကစူပါမားကတ်ကြီးတွေမှာလည်း ဆယ်လ်မွန်ငါးတွေကို ညတွင်းချင်းဖယ်ရှားခဲ့ရ ပါတယ်။  ပေကျင်းအာဏာပိုင်တွေဟာ အစောပိုင်းကပဲ ရှင်ဖန်ဒီဈေးမှာ အမဲသားနဲ့ သိုးသားရောင်းချ မှုကို ပိတ်ပင်ခဲ့ပြီး မြို့အနှံ့က တခြားလက်ကားဈေးကြီးတွေကိုလည်း ပိတ်ထားခဲ့တယ်လို့ ရိုက်တာ က ဖော်ပြပါတယ်။ 
9 months Ago
Up