ပူး​ပေါင်းပါဝင်​ရန်​ တိုက်တွန်း

December 19, 2017

ဖက်ဒရယ်​ပြည်​​ထောင်​စု တည်​​ဆောက်ရေး မျိုးချစ်​စိတ်​ဓာတ်​ဖြင့် ပူး​ပေါင်းပါဝင်​ရန်​ တိုက်တွန်း

ဖက်ဒရယ်​ပြည်​​ထောင်​စုကို တည်​​ဆောက်​ရာမှာ တိုင်းရင်းသားအားလုံး မျိုးချစ်​စိတ်​ဓာတ်​ အ​ရင်းခံပြီး ပူး​ပေါင်းပါဝင်​ကြဖို့  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက တိုက်တွန်းလိုက်ပါတယ်။ ဒီဇင်​ဘာ ၁၈ ရက် မနက်​ကမွန်​ပြည်​နယ်​၊ သထုံမြို့နယ်​၊ ကျုံပါ​ကျေးရွာမှာ ပြုလုပ်​ခဲ့တဲ့ ကရင်​နှစ်​သစ်​ကူးပွဲ​တော်​မှာ ​မွန်​ပြည်​နယ်​ဝန်​ကြီးချုပ်​​ဒေါတ်​တာ​အေးဇံက​ပြောကြားခဲ့တာပါ။ ​ဒီမိုက​ရေစီ ဖက်​ဒရယ်​ပြည်​​ထောင်​စုကြီး တည်​​ဆောက်​​ရေး​ ဆောင်​ရွက်​ရာမှာ တိုင်းရင်းသား ညီအစ်​ကို​ မောင်​နှမတွေအ​နေနဲ့ ပြည်​​ထောင်​စုစိတ်​ဓာတ်​ကို အ​ရင်းခံပြီး ပူး​ပေါင်းပါဝင်​ခြင်းဖြင့် စစ်​မှန်​​သော မျိုးချစ်​စိတ်​ဓာတ်​ကို ပြသကာ အနာဂတ်​နိုင်​ငံ​တော်​ကြီးကို ဖန်​တီးတည်​​ဆောက်​ကြဖို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ "ကရင်​တိုင်းရင်းသားလူမျိုး​တွေ နှစ်​သစ်​မင်္ဂလာ ကျင်းပရာမှာ ကိုယ်​ပိုင်​ယဉ်​​ကျေးမှု၊ ရိုးရာ ဓ​လေ့၊ စာ​ပေနဲ့ ယဉ်​​ကျေးမှုအ​မွေအနှစ်​​တွေကို ထိန်းသိမ်း​ဖော်ထုတ်​ခြင်း၊ ဘာသာတရားအလိုက်​ ဆု​တောင်း​မေတ္တာ ပို့သခြင်း​တွေနဲ့အတူ​ ပျော်​​ပွှဲရွှင်​ပွဲများနဲ့ အားကစားပြိုင်​ပွဲ​တွေ ကျင်းပ​ပေးတဲ့အတွက် ​မင်္ဂလာနှစ်​သစ်​မှာ ရုပ်​ပိုင်းဆိုင်​ရာနဲ့ အနှစ်​သာရများ ရရှိ​စေမယ့် အစဉ်​အလာ​ကောင်း​တွေ ဖြစ်​ပါတယ်​"လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ အကြိမ် ၈၀ မြောက် ကရင်နှစ်သစ်ကူးနေ့မှာ အသက်​ ၈၀ နဲ့အထက် ​ကရင်​ အဘိုး အဘွားတွေကို ကန်​​တော့တာနဲ့  ပညာထူးချွန်​သူ လူငယ်​​မောင်​မယ်​တွေကို ဂုဏ်​ပြုဆု ချီးမြှင့်ခဲ့ပါတယ်။ ကျုံပါ​ကျေးရွာ​ဒေသခံ ​နန်းသီတာထွေးက​ "ရပ်ဝေးကိုရောက်နေကြတဲ့ ကရင်လူမျိုးတိုင်း ပြန်လည်ဆုံတွေ့ကြတဲ့ ပွဲတခုပါ။ ဒီလို ကျင်း​ပ​ပေးတဲ့အတွက်လည်း မျိုးဆက်​လူငယ်​တွေကို အ​တွေ့အကြုံကောင်းတွေ ရ​စေပါတယ်​။ အဓိက ကိုယ့်တိုင်းရင်းသားလူမျိုးရဲ့ ယဉ်​​ကျေးမှု ရိုးရာဓ​လေ့တွေနဲ့ ကိုယ်​ပိုင်​စာ​ပေ​တွေကို ပြန်လည်ထိန်းသိမ်း​စောင့်ရှောက်​သွားဖို့အတွက် လူငယ်​မျိုးဆက်​​တွေမှာ တာဝန်​ရှိပါလားဆိုတဲ့ အသိတရား​တွေ ရရှိလာစေပါတယ်။"လို့ ပြောပါတယ်။ သထုံမြို့နယ်​မှာ ကရင်​တိုင်းရင်းသား​အများစု​ နေထိုင်​တဲ့ေ​ကျေးရွာပေါင်း ၃၇ ရွာရှိပြီး မြို့နယ်ထဲက ကရင်​အမျိုးသားအချင်းချင်း စည်းလုံးညီ​ညွတ်​မှုရရှိ​စေရန်အတွက် တနှစ်​ကို တရွာစီ အလှည့်ကျစနစ်​နဲ့ နှစ်​သစ်​ကူးပွဲကို ကျင်း​ပလေ့ရှိပါတယ်။ သတင်း - ယူမင်းစိုး
3 years Ago
Up