ပူးပေါင်းပါဝင်

April 13, 2017

ဒရော့ဘာ မေဂျာလိဂ်ကလပ် ကစားသမားနှင့်ပိုင်ရှင်အဖြစ်ပါ ပူးပေါင်းပါဝင်

ချဲလ်ဆီး ကစားသမားဟောင်း ဒရော့ဘာဟာ အမေရိကန်မေဂျာလိဂ်ကလပ် ဖီနစ် Rising အသင်းမှာ ကစားသမားအဖြစ်နဲ့ရော ပူးတွဲ ပိုင်ရှင်အဖြစ်နဲ့ပါ ပူးပေါင်းပါဝင်လိုက်ပါတယ်။ အသက် ၃၉ နှစ်အရွယ် အိုင်ဗရီကို့စ် တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက ဘောလုံးကစားခြင်းကနေ ရပ်နားထားတာပါ။ သဘောတူညီချက်အရ ဒရော့ဘာဟာ အသင်းကို ကစားသမားတယောက်အနေနဲ့ တိုးတက်လာအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဒရော့ဘာဟာ ၂၀၁၅ မှာ မေဂျာလိဂ်ကလပ် မွန်ထရီရယ်အသင်းမှာ ကစားခဲ့ပြီး ၂၁ ဂိုး သွင်းယူထားပါတယ်။ ဒရော့ဘာ ကစားသမားအနေနဲ့ ချဲလ်ဆီးမှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးအတွက် ဂိုးပေါင်း ၁၆၄ ဂိုး သွင်းယူ ပေးထားပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။
4 years Ago
Up