ပူးမားကုမ္ပဏီ

August 18, 2018

ပူးမားကုမ္ပဏီနှင့် တနှစ်ပေါင် ၁ သန်းတန်စာချုပ် ဆွာရက်ဇ် ချုပ်ဆို

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ ပူးမားကုမ္ပဏီနဲ့ တနှစ်ကို ပေါင် ၁ သန်း တန်ကြေးရှိတဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ လူကာကူ၊ ဘာလော့တယ်လီတို့လိုပဲ ပူးမားနဲ့ ဖိနပ်စာချုပ်ချုပ်ခဲ့တဲ့ နောက်ထပ်ကစားသမားတဦး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပူးမားနဲ့ စာချုပ်ချုပ်ခဲ့တဲ့ ပထမဆုံး ဘာစီလိုနာကစားသမားဖြစ်ခဲ့ပြီး ကြော်ငြာကိုတော့ ကာတွန်းပုံစံနဲ့ မိတ်ဆက်ပြသခဲ့တာပါ။ အတိတ်ကိုမေ့ပြီးတော့ အနာဂတ်သို့ဆိုတဲ့ စာနဲ့ လူးဝစ်ဆွာရက်ဇ်တင်ထားတဲ့ ဗွီဒီယိုမှာ ဘာလေ့တယ်လီ၊ ဂရက်ဇ်မန်း၊ ချီလီနီ၊ ဂီရောဒ့်၊ မာကိုရူးစ်တို့ထိုင်နေတဲ့ ဘားဆိုင်ထဲကို ဆွာရက်ဇ်ဝင်ရောက်လာပြီး နံပါတ် ၉ လို့ ရေးထားတဲ့ ကတ်ကိုပစ်ပေးခဲ့တဲ့ ကာတွန်း ဗွီဒီယို ဖြစ်ပါတယ်။ ပူးမားနဲ့ စာချုပ်ချုပ်ထားတဲ့ အခြားကစားသမားတွေကတော့ အဂွဲရို၊ ယာယာတိုရေး၊ လယ်လာနာ၊ ဂိုဒင်၊ ဖာဘရီဂတ်စ် အစရှိတဲ့ ကစားသမားတွေဖြစ်ပါတယ်။
5 years Ago
Up