ပူးပေါင်းလေ့လာ

March 4, 2020

အောက်စဖို့ဒ်တက္ကသိုလ်နှင့် ဘရာဇီးဆေးသိပ္ပံပညာရှင်များ ကိုရိုနာဗိုင်းရပ်စ် DNA ပူးပေါင်းလေ့လာ

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရပြီး ရက်အနည်းငယ်အတွင်းမှာပဲ ဘရာဇီး ဆေးသိပ္ပံပညာရှင်တွေဟာ ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် ဗိုင်းရပ်စ်ရဲ့မျိုးဗီဇ DNA ကို လေ့လာနေကြပါပြီ။ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဆော်ပေါ်လိုတက္ကသိုလ် ဆေးပညာဌာနက ဓာတ်ခွဲခန်းတခုမှာ ပညာရှင်တွေ လေ့လာနေတာပါ။ ပညာရှင်တွေကတော့ အရင်က ဇီကာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်ခဲ့တာဟာ အခု ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကိုလည်း ပိုမြန်မြန်ထုတ်လုပ်ပေးနိုင်ဖို့ အထောက်အကူပြုမယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇမြေပုံကို ရရှိထားတဲ့ ပညာရှင်တွေဟာ  ဗိုင်းရပ်စ်ကို ကောင်းကောင်းစောင့်ကြည့်နိုင်ပြီး ကာကွယ်ဆေးထုတ်လုပ်ရေးကိုလည်း အရှိန်မြှင့်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဘရာဇီးဟာ အခုသီတင်းပတ် ပိတ်ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယမြောက် ကူးစက်ခံရသူ လူနာကို အတည်ပြုထားပါတယ်။
1 year Ago
Up