ပူးပေါင်းဖြေရှင်း

September 11, 2021

အကြမ်းဖက်ဝါဒကို နိုင်ငံအားလုံး ပူးပေါင်းဖြေရှင်းရန် ကုလအတွင်းရေးမှူးချုပ်တောင်းဆို

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံအားလုံး ပူးပေါင်းကြိုးပမ်းကြဖို့ တောင်းလိုက်ပါတယ်။ 

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်စစ်ပွဲအပြီး နှစ် ၂၀ ကြာ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုအပေါ် လုံခြုံရေးကောင်စီရဲ့အထူးတလည် စိုးရိမ်ပူပန်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ကုလတွင်းရေးမှူးချုပ် ဂူတာရက်စ်က စက်တင်ဘာ ၁၀ ရက်က ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ 

အကြမ်းဖက်ခြိမ်းခြောက်မှုတွေအတွက် အလွန်စိုးရိမ်ကြောင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် အဓိကပြဿနာ နှစ်ခုရှိတယ်လို့ လည်း ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။

တစ်ခုက Sahel လိုအခြေအနေမျိုးမှာ အကြမ်းဖက်မှု စိန်ခေါ်ချက်တွေကို ဖြေရှင်းဖို့ ထိရောက်မှုရှိတဲ့ လုံခြုံရေးယန္တရား မရှိဘူးလို့ ထင်မြင်ကြောင်းနဲ့ ဒါ့ကြောင့် အကြမ်းဖက်သမားတွေ မြေပြင်ပေါ်ကိုရောက်နေပြီ လို့ ဂူတားရက်စ်က ပြောပါတယ်။

ဒါ့အပြင် အဖွဲ့အစည်းငယ်တွေက စတင်တိုက်ခိုက်လာတဲ့အခါ နိုင်ငံများစွာမှာရှိတဲ့ စစ်တပ်တွေက အကြမ်းဖက်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ အဆင်သင့်မဖြစ်ကြဘူးလို့ ကုလသမဂ္ဂအကြီးအကဲက မှတ်ချက်ပေးပါတယ်။ 

ဆိုလိုတာက သူဟာ အကြမ်းဖက်ဝါဒကို အရမ်းစိတ်ပူကြောင်း၊ နိုင်ငံအတော်များများက အကြမ်းဖက်ဝါဒကိုတိုက်ဖျက်ဖို့ အဆင်သင့်မဖြစ်သေးတာကို စိတ်ပူကြောင်းနဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ နိုင်ငံတွေရဲ့ ပိုအားကောင်းတဲ့ စည်းလုံးညီညွတ်မှုနဲ့ စုစည်းမှုတွေ လိုအပ်တယ်လို့ ဂူတားရက်စ်က ပြောသွားပါတယ်။ 

1 month Ago
Up