ပူးပေါင်းဆောင်ရွက်

June 5, 2020

တရားရုံးများနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ပြော

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ တပ်မတော်က ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်  ကိုဇေယျာလွင်က ဧရာဝတီတိုင်းက မြို့နယ်တွေမှာ တရားစွဲဆို ခံထားရတာနဲ့ပတ်သက်ပြီး တရားရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာမဟုတ်ဘူးလို့ ဇွန်လ ၄ ရက်က  မအူပင်မြို့နယ်တရားရုံးမှာ ပြောပါတယ်။ တရားရုံးနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ရတဲ့ ကိစ္စမှန်သမျှကို ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်းနဲ့ ဖျာပုံ၊ ဒေးဒရဲ၊ ပုသိမ်စတဲ့တရားရုံးတွေမှာ တရားစွဲဆိုခံထားရတာနဲ့ပတ်သက် ပြီးလည်း ပူးပေါင်းဆောင်ရွက်ပြောမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။ ကိုဇေယျာလွင်က "တရားဥပဒေနဲ့ ပတ်သက်ပြီး အယုံအကြည်မရှိဘူး။ စစ်တပ်နဲ့ပတ်သက်ပြီး တရားစွဲတဲ့ တရားရေး မှန်သမျှမှာ ကျနော်တို့က အရှုံးတွေကြီးပဲ။ အဲ့အတွက်ကြောင့် ကျနော်တို့ တရားရေးရာကို  ရင်ဆိုင်မှာမဟုတ်ဘူး။ အမြဲတမ်းလျစ်လျူရှုနေမှာဖြစ်တယ်"လို့ ရုံးထုတ်အပြီးမှာ မီဒီယာတွေကို ပြောပါတယ်။ မအူပင်မြို့နယ်မှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားစွဲဆိုပြီး ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သလို ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တို့မှာလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပြီး ပုသိမ်မြို့မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားခံရကာ ဇွန်လအတွင်း ရုံးထုတ် စစ်ဆေး မှာဖြစ်ပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး တရားရုံးအသီးသီးမှာ ပုဒ်မအမျိုးမျိုးနဲ့ ထပ်ခါထပ်ခါ အကြိမ်ကြိမ်  တရားစွဲခံနေရတာပါ။ မင်းထက်မုန်း (ပုသိမ်)
11 months Ago

May 26, 2020

အေဂျက်ဇ်၊ ဒေါ့မွန်အသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်  မြန်မာဘောလုံးအဖွဲ့ချုပ် ကြိုးပမ်းမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့ ဟော်လန်ကလပ် အေဂျက်ဇ်၊ ဂျာမနီကလပ် ဒေါ့မွန်အသင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ အဲဒီ ၂ သင်းထဲကနေ ဘယ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်မလဲဆိုတာ ဆွေးနွေးနေဆဲ ဖြစ်ပြီး အေဂျက်ဇ်အသင်းနဲ့ ပူးတွဲလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။ အေဂျက်ဇ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် လက်ရှိ  မြန်မာဘောလုံးအကယ်ဒမီတွေမှာ နည်းစနစ်ဒါရိုက်တာဟောင်း အဲရစ် လုပ်ဆောင်ခဲ့တဲ့အတိုင်း အပြောင်းအလဲ သိပ်မရှိဘဲ လုပ်ဆောင်နိုင်တယ်လို့ ဦးကိုကိုသိန်းက ပြောပါတယ်။ ဟော်လန်ကလပ် အေဂျက်ဇ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ်ဆိုရင် မြန်မာလူငယ်တွေအနေနဲ့ ဥရောပကို ထွက်ကစားနိုင်မယ့် နည်းလမ်းလည်း လမ်းပွင့်သွားနိုင်ပြီး အကယ်ဒမီတွေရဲ့ သင်ကြားမှုတွေဟာလည်း ကမ္ဘာ့အဆင့်ဝင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ကမ်းလှမ်းဆဲ အခြေအနေသာဖြစ်ပြီး ငွေကြေး ဘယ်လောက်ပေးရမလဲ ဆိုတာကိုတော့ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်တဲ့အချိန်ရောက်မှ သိရှိရမယ်လို့ သိရပါတယ်။ ပူးပေါင်းဆောင်ရွက်ခွင့်ရမယ် ဆိုရင်တော့မြန်မာ ကစားသမားတွေအတွက် အကျိုးရှိစေမယ့်အပြင် မြန်မာနည်းပြတွေဟာလည်း  အေဂျက်ဇ်နည်းပြတွေဆီမှာ လေ့လာသင်ကြားနိုင်ဖို့ရှိတယ်လို့ သိရပါတယ်။
11 months Ago
Up