ပူးတွဲရရှိ

October 15, 2019

စီးပွားရေးနိုဘယ်ဆု အိန္ဒိယ၊ ပြင်သစ်နှင့် အမေရိကန် ပညာရှင်  ၃ ဦး ပူးတွဲရရှိ

၂၀၁၉ ခုနှစ် စီးပွားရေးပညာ နိုဘယ်ဆုကို ဆင်းရဲမွဲတေမှု လျော့ပါးရေးအတွက် လက်တွေ့ကျကျ ချဉ်းကပ်မှုကို ဖန်တီးခဲ့ကြတဲ့  အိန္ဒိယ၊ ပြင်သစ်နဲ့ အမေရိကန် စီးပွားရေးပညာရှင် ၃ ဦးတို့ ပူးတွဲ ဆွတ်ခူးရရှိသွားပါတယ်။   အဘီးဂျစ် ဘန်နာဂျီ၊ အက်စ်သ ဒူဖလိုနဲ့ မိုက်ကယ်ခရေမာတို့ ၃ ဦးဟာ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် အကောင်းဆုံးနည်းလမ်းတွေ ရဖို့ ချဉ်းကပ်မှုအသစ် ဖန်တီးခဲ့တာကြောင့် စီးပွားရေးပညာ နိုဘယ်ဆုကို ချီးမြှင့်ရတာဖြစ်တယ်လို့ ဆွီဒင် နိုဘယ်ဆု ချီးမြှင့်ရေးကော်မတီက အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြောပါတယ်။  အိန္ဒိယနွယ်ဖွား  စီးပွားရေးပညာရှင် ဘန်နာဂျီဟာ ဘင်္ဂါလီအမွေအနှစ်ဆိုင်ရာ အမေရိကန် စီးပွားရေးပညာရှင် ဖြစ်ပါတယ်။ ပြင်သစ်နွယ်ဖွား အက်စ်သာ ဒူဖလိုကတော့ အမေရိကန်၊ မန်ဆာချူးဆက်ပြည်နယ် နည်းပညာတက္ကသိုလ်က ဆင်းရဲမွဲတေမှု လျော့ပါးရေးနဲ့ ဖွံဖြိုးတိုးတက်ရေး စီးပွားရေးပညာပါမောက္ခ ဖြစ်ပါတယ်။ မိုက်ကယ်ခရေမာကတော့ ဟားဗတ် တက္ကသိုလ် ဖွံ့ဖြိုးဆဲ လူ့အဖွဲ့အစည်းဆိုင်ရာ ပါမောက္ခတဦး ဖြစ်ပါတယ်။  အဆိုပါ စီးပွားရေးပညာရှင် ၃ ဦးတို့ဟာ ၂၀၁၉ စီးပွားရေးပညာ နိုဘယ်ဆုအတွက်  ဆွီဒင်ငွေ ခရိုနာ ၉ သန်းကို လက်ခံရရှိမှာ ဖြစ်ပါတယ်။
2 years Ago
Up