ပူးတွဲစစ်ရေးလေ့ကျင့်မှု

August 10, 2021

တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆက်မလုပ်ရန် မြောက်ကိုရီးယား သတိပေး

စစ်ရေးလေ့ကျင့်မှု ရှေ့ဆက်လုပ်မယ်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားဟာ ပိုကြီးတဲ့ လုံခြုံရေးခြိမ်းခြောက်မှုကို ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ညီမနဲ့ သြဇာကြီးတဲ့ မြောက်ကိုရီးယားအရာရှိဖြစ်သူ ကင်မ်ယိုဂျုံက သြဂုတ် ၁၀ ရက်မှာ သတိပေး ပြောလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ကနဦးစစ်ရေး လေ့ကျင့်မှုကို အင်္ဂါနေ့မှာ စမယ်လို့ ယုံဟပ်သတင်းစာက သြဂုတ် ၉ ရက်မှာ ရေးသားခဲ့တာပါ။

နျူကလီးယားလက်နက် ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားကတော့ စစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်မှုကို နောက်ဆုတ်စေလိမ့်မယ်လို့ သတိပေးထားပါတယ်။

ဒီလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယား ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ မကြိုဆိုသင့်တဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့လုပ်ရပ်လို့ ကင်မ်ယိုဂျုံက ကြေညာချက်ထုတ်ပြန် ပြောဆိုပြီး မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNA က ထုတ်လွှင့်ခဲ့ပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုဟာ ပူးတွဲဆက်ဆံရေးရုံး ပြန်ဖွင့်ရေးနဲ့ ဆက်ဆံရေး ပြန်စတင်ဖို့ ထိပ်သီးညီလာခံ ကျင်းပရေးအတွက် တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းရဲ့ အားထုတ်မှုတွေကို အချည်းနှီး ဖြစ်စေနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

4 months Ago
Up