ပူးတွဲစစ်ရေးလေ့ကျင့်မည်

January 14, 2020

ဂျပန်နှင့် အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မည် 

ဂျပန် ကမ်းရိုးတန်းစောင့်သင်္ဘောတစီးဟာ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ အိန္ဒိယနိုင်ငံ ချန်နိုင်းဆိပ်ကမ်းမြို့ကို ဇန်နဝါရီ ၁၃ ရက်မှာ ရောက်လာပါတယ်။ အိန္ဒိယနဲ့ ဂျပန် ကမ်းရိုးတန်းစောင့်တပ်က အရာရှိတွေဟာ ငါးရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဇန်နဝါရီ ၁၆ ရက်မှာ စတင်လေ့ကျင့်မှာပါ။ နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးနဲ့ အပြန်အလှန် နားလည်မှု တိုးမြှင့်ဖို့ ရည်ရွယ်ထားပါတယ်။ ဂျပန်စစ်ဦးစီးအရာရှိ ဗိုလ်ကြီးခိယိုရှိဟာ့ရာ့ဒါ့ကတော့ ပင်လယ်ဓားပြတွေကို ချေမှုန်းရာမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို ဒီလေ့ကျင့်မှုက အားဖြည့်ပေးလိမ့်မယ်လို့ ပြောပါတယ်။ ဂျပန်နဲ့ အိန္ဒိယတို့ ကမ်းရိုးတန်းစောင့်တပ်တွေကြား ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကို  ၂၀၀၆ ခုနှစ်က လက်မှတ်ရေးထိုးထားလို့ စာချုပ်အရ ပူးတွဲ လေ့ကျင့်တာဖြစ်ပါတယ်။
1 year Ago
Up