ပူးတွဲ​ကော်​မတီအစည်းအ​ဝေးကျင်းပ (သတင်းဓာတ်ပုံ)

February 6, 2017

ပြည်​​ထောင်​စုငြိမ်းချမ်း​ရေး ​ဆွေး​နွေးမှု ပူးတွဲ​ကော်​မတီအစည်းအ​ဝေးကျင်းပ (သတင်းဓာတ်ပုံ)

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၉ ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးပူးတွဲကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌတွေဖြစ်တဲ့ ပဒိုစောစောကွယ်ထူးဝင်းနဲ့ ဦးသုဝေတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ အစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဦး၊ နိုင်ငံရေးပါတီတို့က ၁၆ ဦး၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့မှ ၁၂ ဦးတို့ တက်ရောက်ခဲ့ကြပါတယ်။
4 years Ago
Up