ပူးတွဲစစ်ရေးလေ့ကျင့်မှု

A d v e r t i s e m e n t With Us

February 24, 2016

ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုမည့် အမေရိကန်နှင့် တောင်ကိုရီးယားကို လက်စားချေမည်ဟု မြောက်ကိုရီးယား သတိပေး

လာမယ့်လမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဖို့ ပြင်ဆင်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို ပြင်းပြင်းထန်ထန် လက်စားချေမယ်လို့ မြောက်ကိုရီးယားက ဖေဖော်ဝါရီ ၂၃ ရက်နေ့က သတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယား အစိုးရက နျူကလီးယား စမ်းသပ်မှုနဲ့ ဒုံးကျည်လွှတ်တင်မှု လောလောလတ်လတ် လုပ်ထားလို့ တင်းမာမှုတွေ မြင့်နေချိန်မှာ ခုလို သတိပေးလိုက်တာပါ။ မြောက်ကိုရီးယားရဲ့ ပထမပစ်မှတ်က တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်ဖြစ်ပြီး  အာရှနဲ့ အမေရိကန် ကုန်းမကြီးက အမေရိကန်စစ်တပ် အခြေစိုက်စခန်းတွေက ဒုတိယပစ်မှတ်တွေ ဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယားစစ်တပ်ရဲ့ ကြေညာချက်ကို ကိုးကားပြီး အစိုးရပိုင် ကေအာတီ သတင်းဌာနက သတင်းဖတ်သူက ပြောပါတယ်။ အရင်လက တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက မြောက်ကိုရီးယားကို တင်းကျပ်တဲ့ လုပ်ဆောင်ချက်တွေ လုပ်မယ်လို့ သတိပေးခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုအပြီး တောင်ကိုရီးယား အစိုးရက ကေဆောင် စက်မှုဇုန်က လုပ်ငန်းတွေကို ဆိုင်းငံ့ခဲ့ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲခဲ့ပေမယ့် စစ်ပြေငြိမ်းစာချုပ် မချုပ်ရသေးလို့ သဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
5 years Ago
Up