ပူလီဆစ်

January 2, 2019

ဒေါ့မွန်ကွင်းလယ်လူ ပူလီဆစ်ကို ချဲလ်ဆီး ခေါ်ယူ

ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ပူလီဆစ်ကို ပေါင် ၅၈ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီသတင်းကို ဒေါ့မွန်အသင်းဘက်က အတည်ပြုခဲ့ပြီး လာမယ့်နွေရာသီမှာ ချဲလ်ဆီးအသင်းနဲ့ ပူးပေါင်းမယ်လို့ သိရပါတယ်။ ကွင်းလယ်ကစားသမား ပူလီဆစ် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီး ချဲလ်ဆီးအသင်းက ရာသီကုန်အထိ ပြန်လည်အငှားချခဲ့တယ်လို့ ဒေါ့မွန်အသင်းဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၀ ပဲရှိသေးတဲ့ အမေရိကန်လူငယ်ကြယ်ပွင့် ပူလီဆစ်ဟာ အခုနှစ်ရာသီမှာ ဒေါ့မွန်အသင်းအတွက် ၁၇ ပွဲကစားပြီး ၃ ဂိုး သွင်းပေးထားပါတယ်။ လီဗာပူးအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ချဲလ်ဆီးအသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာလို့ သိရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ တောင်ပံကစားသမား ပူလီဆစ်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ ဟာဇက်ကို ရောင်းချဖွယ်ရှိတယ်လို့ ဆိုပါတယ်။
2 years Ago

December 25, 2018

တိုက်စစ်ကစားသမားများ ခေါ်ယူရန် ချဲလ်ဆီးအသင်း ချိတ်ဆက်နေ

ချဲလ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်ကစားသမားတွေကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ တောင်ပံကစားသမား ဟာဇက်ကို တိုက်စစ်မှူးအဖြစ် ကစားနေရပြီး အိုလီဗီယာဂျရူးနဲ့ မိုရာတာတို့ ဂိုးသွင်းအား နည်းနေတာကြောင့် တိုက်စစ်ပိုင်း အပြောင်းအလဲ ပြုလုပ်သွားဖို့ ပြင်ဆင်နေတာပါ။ ချဲလ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ လိုင်ယွန်ကွင်းလယ်လူ နာဘီဖစ်ကာ၊ ဂျူဗင်တပ်တိုက်စစ်မှူး ဟီဂူအင်နဲ့ ဒေါ့မွန်လူငယ်ကစားသမား ပူလီဆစ်တို့ ပါဝင်နေပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရခဲ့တဲ့ နာဘီဖစ်ကာအတွက် ပေါင်သန်း ၅၀ လောက် ပေးချေရဖို့ရှိပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ လာမယ့်နွေရာသီကျမှ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးနည်းပြ ဆာရီအနေနဲ့ ဟီဂူအင်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒေါ့မွန်က အမေရိကန် လူငယ်ကစားသမား ပူလီဆစ်ကိုလည်း ပေါင်သန်း ၆၀ လောက်နဲ့ ကမ်းလှမ်းဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
2 years Ago
More News
Up