ပူတာအိုလူငယ်

February 9, 2021

ဆန္ဒပြပွဲ ဦးဆောင်မှုစွဲချက်ဖြင့် ပူတာအိုလူငယ် ၄ ဦး အမှုဖွင့်ခံရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပွဲမှာ ပါ၀င်တဲ့ ပူတာအိုက လူငယ် ၄ ဦးကို သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ခံထားရပါတယ်။

အမှုဖွင့်ခံရတဲ့ လူငယ်တွေက အဖမ်းမခံဘဲ ရှောင်နေကြလို့ ခုထိလွတ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံ တစ်ပြည်လုံးမှာ သန်းပေါင်းများစွာသော ပြည်သူတွေက စစ်အစိုးရကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ချိန်မှာ ပူတာအိုမြို့မှာ ပထမအဆုံးအနေနဲ့ အခုလို အမှုဖွင့်ခံရတာဖြစ်ပါတယ်။

"ဘယ်မြို့မှာမှ ခုချိန်ထိ ဒီပုဒ်မနဲ့ အမှုဖွင့်ဖမ်းဆီးတယ်ဆိုတာ မရှိဘူး၊ မကြားရသေးဘူး။ ပူတာအိုဒေသက အမှောင်ချခံခဲ့ရတဲ့ ဒေသဆိုတော့ သူတို့လုပ်ချင်ရာ လုပ်တဲ့သဘောပါ" လို့ အမှုဖွင့်ခံရတဲ့ လူငယ်တဦးက ပြောပါတယ်။

       အမှုဖွင့်ခံရတဲ့ လူငယ်တွေက ပူတာအိုဒေသအတွက် ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးလုပ်ငန်းများမှာ တက်ကြွစွာ ဆောင်ရွက်နေတဲ့ လူငယ်တွေ ဖြစ်ပါတယ်။

2 years Ago
Up