ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများ

A d v e r t i s e m e n t With Us

September 21, 2020

ဘိုကလေးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ၃၅၀၀၀ ကျော်ကို ငွေကြေးထောက်ပံ့

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု ၃၅၀၀၀ ကျော်အတွက် တစ်အိမ်ထောင်ကို ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းနဲ့ ထောက်ပံ့ကြေး ပေးအပ်ခဲ့တယ်လို့ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  အဆိုပါထောက်ပံ့ငွေတွေကို စက်တင်ဘာ ၁၈ ရက်က စတင် ထောက်ပံ့နေတာဖြစ်ပြီး ဘိုကလေးမြို့နယ်အတွင်းက ရပ်ကွက် ၁၀ ခုနဲ့ ကျေးရွာ စုစုပေါင်း ၇၆ အုပ်စု အတွင်းမှာရှိတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံပြည်သူ ၃၅၀၀၀ ကျော်ကို နိုင်ငံတော်ကနေ ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကပ်ဘေးကာလမှာ နိုင်ငံတော်ကနေ အခုလိုထောက်ပံ့တဲ့အတွက် အဆင်ပြေမှုရှိတယ်လို့ ထောက်ပံ့ကြေးရတဲ့ ဘိုကလေးမြို့ခံ တစ်ဦးက  ပြောပါတယ်။  ဘိုကလေးမြို့နယ်အတွင်းမှာ အရင်ကလည်း အစိုးရက  အခြေခံစားသောက်ကုန်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပြီး  အခုတစ်ကြိမ်အပါအဝင် လေးကြိမ်မြောက် ထောက်ပံ တာလည်းဖြစ်ပါတယ်။   သတင်း - ထူးထူး
5 months Ago

June 20, 2020

ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ၅ ဒသမ ၄ သန်းကျော်ကို ကျပ် ၂ သောင်းစီ ထောက်ပံ့မည်

ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေကို အစိုးရရဲ့ ထောက်ပံ့မှု ဒုတိယအကြိမ်အနေနဲ့ အိမ်ထောင်စုပေါင်း ၅ သန်း ၄ သိန်း‌ကျော်ကို တစ်အိမ်ထောင် ကျပ်နှစ်သောင်းနှုန်းနဲ့ ထောက်ပံ့ဖို့ ညွှန်ကြားထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ပထမအကြိမ် ထောက်ပံ့မှုတွေကို ဧပြီလအတွင်းက ပြုလုပ်ခဲ့စဉ်က စားသောက်ကုန် ၅ မျိုးကို အိမ်ထောင်စု ၄ သန်းကျော်ဆီ ဖြန့်ဝေခဲ့တာဖြစ်ပြီး တချို့မိသားစုဝင်တွေက ၅ မျိုး အပြည့်မရတာတွေ ရှိခဲ့ပါတယ်။  ဒါ့အပြင် စာရင်းထဲမပါဘဲ ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်စုကလည်း ၁ ဒသမ ၄ သန်းကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။  အခု ဒုတိယအကြိမ်မှာတော့ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု အားလုံးပေါင်း ၅ သန်း ၄ သိန်းကျော်ကို ကျပ် ၂ သောင်းစီ ထောက်ပံ့သွားမှာဖြစ်ပါတယ်။  ဒီလိုထောက်ပံ့ရာမှာ မူလက mobile payment မှတဆင့် ထောက်ပံ့ဖို့ စီစဉ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ မြို့နယ် ၃ မြို့နယ်ကိုသာ ရှေ့ပြေးအနေနဲ့ mobile payment အသုံးပြုထောက်ပံ့မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ “တနိုင်ငံလုံးကို ပေးတာထက်စာရင် pilot အနေနဲ့ ၃ မြို့နယ်ကို ရွေးလိုက်ပါတယ်။ အဲဒီ ၃ မြို့နယ်က နံပါတ် ၁ ကတော့ နေပြည်တော်မှာရှိတဲ့ ပုဗ္ဗသီရိ ဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဖြစ်ပါတယ်။ နံပါတ် ၃ ကတော့ ရှမ်းပြည်နယ် ကလောမြို့နယ် ဖြစ်ပါတယ်။ ဒီ ၃ မြို့နယ်ကိုတော့ mobile payment နဲ့ စပြီးတော့ pilot အနေနဲ့ ပေးမယ်ဆိုပြီးတော့ ၂ သောင်းစီ ပေးတဲ့ဟာကိုလုပ်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ဒေသတွေကိုတော့ cash ပေါ့နော်၊ ပိုက်ဆံကိုပဲ ဒီတိုင်း အုပ်ချုပ်ရေးယန္တရားကတဆင့် ဖြန့်ဝေပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” အိမ်ထောင်စု ၅ သန်း ၄ သိန်းကျော်ကို ငွေ ၂ သောင်းစီ ထောက်ပံ့ပေးဖို့အတွက် ဗဟိုကော်မတီက ညွှန်ကြားထားပြီးဖြစ်တာကြောင့် လာမယ့် တစ်ပတ်၊ နှစ်ပတ်အတွင်း ပေးသွားနိုင်ဖွယ်ရှိတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ပထမအကြိမ်အတွင်း ကျန်ခဲ့တဲ့ အိမ်ထောင်စု ၁ ဒသမ ၄ သန်းကျော်အတွက်ကိုလည်း တစ်အိမ်ထောင်ကို ကျပ် ၁ သောင်းခွဲစီ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
9 months Ago
Up