ပုံမှန်ပြည်ဝင်ခွင့်ဗီဇာ

March 19, 2020

ကိုရိုနာကြောင့် အမေရိကန် ပုံမှန်ပြည်ဝင်ခွင့်ဗီဇာ ရပ်ဆိုင်း

ကမ္ဘာ့နိုင်ငံအများစုမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုကြောင့် ပုံမှန်ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးတဲ့ လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။  ဝန်ကြီးဌာနက ဘယ်လိုနိုင်ငံတွေကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းတယ်ဆိုတာ မဖော်ပြပေမဲ့ တောင်ကိုရီးယား၊ တောင်အာဖရိက၊ ဂျာမနီနဲ့ စပိန်တို့ရှိ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကတော့ သူတို့ရဲ့ပြည်ဝင်ခွင့်ထုတ်ပေးခြင်းဆိုင်ရာလုပ်ငန်းတွေကို လျှော့ချ၊ ရပ်ဆိုင်းထားမှာကို ကြေညာခဲ့ကြပါတယ်။  နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပုံမှန်ပြည်ဝင်ခွင့်ဗီဇာဝန်ဆောင်မှုလုပ်ငန်း တွေကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်စသွားမှာဖြစ်ပေမဲ့ အခုလောလောဆယ်တော့ ရက်အတိ အကျမ ပြောနိုင်သေးဘူးလို့ ဆိုပါတယ်။  အမေရိကန်ပြည်ထောင်စုဟာ သူ့နိုင်ငံဆိုင်ရာသံရုံးတွေရှိရာ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်က ရွှေ့ပြောင်းအခြေချလိုသူ ၉ ဒဿမ ၂ သန်းကျော်ကို ၂၀၁၉မှာ  ဗီဇာခွင့်ပြုခဲ့တယ်လို့ ရိုက်တာ သတင်းက ဖော်ပြထားပါတယ်။ 
2 years Ago
Up