ပုံမှန်ခြေစွမ်းပြနိုင်မှ သက်တမ်းတိုးရန် ဆွေးနွေးမည်ဟု ဝဲလ်ရှိုင်းယားကို အာစင်ဝင်းဂါး သတိပေး

October 9, 2017

ပုံမှန်ခြေစွမ်းပြနိုင်မှ သက်တမ်းတိုးရန် ဆွေးနွေးမည်ဟု ဝဲလ်ရှိုင်းယားကို အာစင်ဝင်းဂါး သတိပေး

ကွင်းလယ်ကစားသမား ဝဲလ်ရှိုင်းယားအနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မတိုင်ခင် ပုံမှန်ခြေစွမ်းပြနိုင်မှ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမယ်လို့ နည်းပြ အာစင်ဝင်းဂါးက သတိပေး ပြောကြားလိုက်ပါတယ်။ အသက် ၂၅ နှစ်ရှိ အင်္ဂလန်ကစားသမား ဝဲလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်အသင်းမှာ အငှားသွားရောက်ကစားခဲ့ရတာပါ။ ဘုန်းမောက်အသင်းမှာ ဒဏ်ရာရခဲ့ပြီး ပြီးခဲ့တဲ့လကမှ အာဆင်နယ်အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့တာပါ။ ဝဲလ်ရှိုင်းယားအနေနဲ့ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ ခြေစွမ်းကို ဒီဇင်ဘာလမတိုင်မီ အမြင့်ဆုံးရောက်ဖို့ ကြိုးစားရမှာဖြစ်ပြီး ဒဏ်ရာ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမယ်ဆိုရင် ပုံမှန်ခြေစွမ်းရဖို့ ခက်ခဲသွားမယ်လို့လည်း အာစင်ဝင်းဂါးက ဆိုပါတယ်။ ဝဲလ်ရှိုင်းယားဟာ ဒီနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဒီနှစ်အတွင်း အာဆင်နယ်အသင်းအတွက် ၂ ပွဲပဲ ကစားခွင့်ရထားပါတယ်။
4 years Ago
Up