ပုံတူကြေးရုပ်တု

February 23, 2020

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် သီတဂူဆရာတော်၏ပုံတူကြေးရုပ်တု ထားရှိပူဇော်

သီတဂူဆရာတော်ဘုရားကြီးရဲ့ ပုံတူကြေးရုပ်တုကို စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဝန်းအတွင်းမှာ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ထားရှိ ပူဇော်ထားတယ်လို့ သီတဂူမြန်မာမှုအဖွဲ့မှ သိရပါတယ်။  သီတဂူဆရာတော်ကြီး ပုံတူ ကြေးရုပ်တုကို သီတဂူမြန်မာမှုအဖွဲ့ကသီတဂူ ဆရာတော်ဘုရားကြီးရဲ့ မွေးနေ့မင်္ဂလာအထိမ်းအမှတ်အနေနဲ့ လှူဒါန်းတာ ဖြစ်ပါတယ်။  သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရရဲ့ ပုံတူကြေးရုပ်တုကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုင်တော်မှုပုံစံ သွန်းလောင်းထားတာပါ။  ပုံတု ကြေးရုပ်တုက အမြင့်ပေ ၅ ပေခွဲရှိပြီး ကြေးပိဿချိန် ၂၅၀ ရှိပါတယ်၊ ကုန်ကျငွေ အနေနဲ့ ကျပ်သိန်း ၁၈၀ လောက် ကုန်ကျတယ်လို့ သိရပါတယ်။  သော်တာ
2 years Ago
Up