ပုံစံ-၁၅

October 25, 2020

၂၀၂၀ ရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းတွင် ကြိုတင်မဲစပေး

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်  စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်‌ ကောာ်မရှင်ရုံးမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မြို့နယ်ပေါင်းစုံက မဲဆန္ဒရှင်တွေ အောက်တိုဘာ ၂၄ ရက်က ကြိုတင်မဲ လာပေးခဲ့ကြတယ်လို့ ကော်မရှင်ရုံးကနေ သိရပါတယ်။ မဲပေးရတာ အဆင်ပြေတဲ့အတွက် ဝမ်းသာတယ်လို ဆန္ဒမဲလာပေးတဲ့ ဒေါ်မိုးက ပြောပါတယ်။ မြို့နယ်ကော်မရှင်အနေနဲ့မဲပေးချိန်မှာ ကျန်မာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့အညီ ကြိုတင်ပြင်ဆင်ထားတယ်လို့ မြို့နယ်ကော်မရှင်အတွင်းရေးမှူး ဦးချစ်ဆန်း‌ကျော်က ပြောပါတယ်။ ကနီမြို့နယ်ကော်မရှင်ရုံးကို အောက်တိုဘာ ၂၄ ရက်နေ့က ကြိုတင်မဲလာပေးသူ ၅၂ ယောက်ရှိပြီး သက်ဆိုင်ရာမြို့နယ်ကနေ ကြိုတင်မဲစာရွက်မရောက်သေးလို့ ဖုန်းနံပါတ်တောင်းပြီး ပြန်လွှတ်တာလည်း ရှိတယ်လို့ ဆိုပါတယ်။ ကနီမြို့နယ် လက်ရှိအချိန်အထိ ပုံစံ-၁၅ နဲ့ လျှောက်ထားသူဦးရေ ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ သတင်း - ကိုကျော်မင်းသန့်
2 years Ago
Up