ပုံစံအသစ်

July 15, 2020

တရုတ် စူပါလိဂ်ဘောလုံးပြိုင်ပွဲကို ပုံစံအသစ်ဖြင့် ဇူလိုင်၂၅ ရက်နေ့ စတင်ကျင်းပမည်

ကိုဗစ်-၁၉ ရောဂါကြောင့် ၅ လကြာ ရပ်နားထားခဲ့ရတဲ့ တရုတ်စူပါလိဂ်ဘောလုံးပြိုင်ပွဲကို လာမယ့် ဇူလိုင် ၂၅ ရက်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန် ဥရောပလိဂ်တွေမှာ ပရိသတ်မပါဘဲ ပြန်လည်ကျင်းပနေသလို တရုတ်စူပါလိဂ်ဟာလည်း ဇူလိုင် ၂၅ ရက်စတင်ပြီး ကွင်းပိတ် ကျင်းပသွားမှာပါ။ ဒါပေမဲ့ အရင်နှစ်တွေကလို သက်ဆိုင်ရာအသင်းတွေရဲ့ မြို့တွေဆီ သွားရောက်ကစားရမှာ မဟုတ်ဘဲ တရုတ်မြောက်ပိုင်းက Suzhou နဲ့  Dalian မြို့တွေမှာပဲ ကျင်းပမှာပါ။ စုစုပေါင်းအသင်း ၁၆ သင်းကို ၈ သင်း ၂ အုပ်စုခွဲခြားပြီး ထိပ်ဆုံး ၄ သင်းစီကို ချန်ပီယံဆုဖလားအတွက် ယှဉ်ပြိုင်စေမှာပါ။ အောက်ဆုံး ၄ သင်းစီကတော့ တန်းမဆင်းရဖို့အတွက် ဆက်လက်ယှဉ်ပြိုင်သွားရမယ်လို့ သိရပါတယ်။  ရှန်ဟိုင်း SIPG တိုက်စစ်မှူး အာနူတိုဗစ်ကတော့ ဥရောပမှာလည်း ပြန်လည်စတင်နေတဲ့အတွက် တရုတ်နိုင်ငံမှာလည်း ဘောလုံးပြိုင်ပွဲ ပြန်လည် စတင်ဖို့ဆုံးဖြတ်ခဲ့တာကို လက်ခံကြောင်း ပြောပါတယ်။
10 months Ago
Up