ပိုလန်နိုင်ငံသား ဆာလာဒိုက်နှင့် စိုးလင်းဦး လက်ဝှေ့မကျေပွဲ ပြန်ထိုးမည်

August 3, 2017

ပိုလန်နိုင်ငံသား ဆာလာဒိုက်နှင့် စိုးလင်းဦး လက်ဝှေ့မကျေပွဲ ပြန်ထိုးမည်

စိုးလင်းဦးနဲ့ ပိုလန်နိုင်ငံသား ဆာလာဒိုက်တို့ ပြန်လည်ထိုးသတ်မယ့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို လာမယ့် သြဂုတ် ၆ ရက်နေ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က WLC-2 ပွဲမှာ တွေ့ဆုံခဲ့ပြီး စိုးလင်းဦးက အမှတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ အဲဒီတုန်းကရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့အတွက် အကောင်းဆုံး လေ့ကျင့်ပြင်ဆင်ထားတယ်လို့ စိုးလင်းဦးက ပြောပါတယ်။ စိုးလင်းဦးနဲ့ထိုးသတ်မယ့် ဆာလာဒိုက်ဟာ ပိုလန်နိုင်ငံသားဖြစ်ပေမယ့် အင်္ဂလန်မှာ အခြေစိုက်နေထိုင်သူဖြစ်ပြီး ဗြိတိန် K1 ချန်ပီယံနဲ့ ဗြိတိန် မွေထိုင်းချန်ပီယံ ရွှေခါးပတ်တွေ ရရှိထားသူပါ။ သူဟာ အသက် ၂၆ နှစ်၊ အရပ် ၆ ပေနဲ့ ကိုယ်အလေးချိန် ၇၀ ကီလိုရှိပြီး ၁၆ ပွဲနိုင် ၅ ပွဲရှုံးရလဒ် ရရှိထားပါတယ်။ မြန်မာ့လက်ဝှေ့ဟာ သူထိုးဖူးတဲ့ မွေထိုင်းလက်ဝှေ့ထက် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်ရေးပြိုင်ပွဲဖြစ်ပြီး ပထမအကြိမ်ကလို အနိုင်ရအောင် ထိုးသတ်သွားမယ်လို့ ဆာလာဒိုက်က ပြောပါတယ်။ MANDALAY RUMBLING CLASSIC FIGHT လို့ အ မည်ပေးထားတဲ့ ဒီပွဲမှာ စုစုပေါင်းတွဲဆိုင်း၉ ဆိုင်းပါဝင်ပြီး စော အယ်လေးနဲ့စိန်မျိုးအောင် ဇွဲရွှေကိုနဲ့ဆလိုင်းချမ်းမြေ့ကို တို့ရဲပွဲ စဉ်တွေလည်း ပါဝင် ထိုးသတ်ကြမှာဖြစ်ပါတယ်. လက်မှတ်ဈေးနူန်းတွေအဖြစ် ကျပ်၃သောင်း.၂သောင်းနဲ့၁ သောင်း ကျပ်အသီးသီး သတ်မှတ်ထားပြီး မွန်းလွဲ၂နာရီကစ တင်ပြီး သိမ်ဖြူရုံမှာ ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။
4 years Ago
Up