ပိုလန်နိုင်ငံ

October 21, 2017

ပိုလန်နိုင်ငံ ကုန်တိုက်တန်းတွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် ၁ ဦးသေ၊ ၈ ဦးဒဏ်ရာရ

ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်း စတာလိုဝါ ဝိုလာမြို့က ကုန်တိုက်တန်းမှာ အောက်တိုဘာ ၂၀ ရက်က ဓားနဲ့ တိုက်ခိုက်မှုကြောင့် လူအနည်းဆုံး ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရပါတယ်။ တိုက်ခိုက်သူဟာ ကုန်တိုက်တန်းထဲ ဝင်လာပြီး လူတွေကို ဓားနဲ့ စထိုးခဲ့တာလို့ မျက်မြင်သက်သေတယောက်က ပြောပါတယ်။ အခင်းဖြစ်ရာနေရာကို အရေးပေါ် ဆေးတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့ ချက်ချင်း ရောက်လာတယ်၊ သွေးလမ်းကြောင်း လုံခြုံရေး ကင်မရာနဲ့ တခြား သက်သေတွေကို စစ်ဆေး ဆောင်ရွက်နေတယ်လို့ ခရိုင်အစိုးရရှေ့နေက ပြောပါတယ်။ တိုက်ခိုက်သူဟာ ရဲလက်ထဲကို မရောက်ခင် ဈေးဝယ်သူတွေရဲ့ အလွန်အကျွံ အင်အားသုံး ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ရဲမှူးကြီး ခရစ်စတော့ဖ် ပိုဘူတာက ပြောပါတယ်။ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် တိုက်ခိုက်သူဟာ အင်မတန် ဆိုးရွားတဲ့ စိတ်အခြေအနေမှာ ရှိနေတယ်လို့ ပိုဘူတာက ပြောပါတယ်။ တိုက်ခိုက်ခံရလို့ ဒဏ်ရာရတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးဟာ ဆေးရုံကို ခေါ်သွားခံရအပြီးမှာ သေဆုံးခဲ့တာပါ။ ဒဏ်ရာရသူ ၈ ဦးထဲမှာ  ဦးက ဒဏ်ရာပြင်းထန်ပါတယ်။
4 years Ago
Up