ပိုလန်ကုန်းမြင့်

March 23, 2019

ပိုလန်ကုန်းမြင့်အရေး သမ္မတထရမ့်၏ ပြောကြားချက်ကို ဆီးရီးယားပြည်သူများ ပြစ်တင်

ဂိုလန်ကုန်းမြင့်နဲ့ ပတ်သက်ပြီး အစ္စရေး အချုပ်အခြာကို အသိမှတ်ပြုတယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ပြောကြားချက်ကို ဆီးရီးယားပြည်သူတွေက မတ်လ ၂၂ ရက်နေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ အစ္စရေးသိမ်းပိုက်ခဲ့တဲ့ ဂိုလန်ကုန်းမြင့်မှာ ဇာတိရွာ ပါသွားခဲ့သူ ဖူဟတ်-မွန်ဒယ်က “ထရမ့်ဟာ နိုင်ငံခြားတိုင်းပြည်တခုရဲ့ အချုပ်အခြာအာဏာကို တခြားမသက်ဆိုင်တဲ့ နိုင်ငံတခုဆီ အတင်းအကျပ် သွတ်သွင်းတယ်၊  ဂိုလန်ကုန်းမြင့်နေ ပြည်သူတွေရဲ့ ဆန္ဒကိုရော အလေးထားရဲ့ လား” လို့ အမေရိကန် သမ္မတ ထရမ့်ကို မေးခွန်းထုတ်လိုက်ပါတယ်။ သမ္မတ ထရမ့်ပြောကြားချက်ကို ဆီးရီးယား မဟာမိတ်နဲ့ ရန်သူတွေက ပြစ်တင်ရှုတ်ချခဲ့သလို ဆီးရီးယားအစိုးရကလည်း ဂိုလန်ကုန်းမြင့်ကို ပြန်လည်သိမ်းယူမယ်လို့ ပြောကြားလိုက်ပါတယ်။ သမ္မတ ထရမ့်ကြေညာ ချက်ဟာ အရှေ့အလယ် ပိုင်းဒေသမှာ ရှိပြီးသား ဒေါသကို မီးထိုးပေးတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2 years Ago
Up