ပိုများလာ

March 23, 2017

အီရတ်အစိုးရတပ်နှင့် အိုက်အက်စ် တိုက်ပွဲပြင်းထန်၊ အရပ်သားဒဏ်ရာရသူ ပိုများလာ (ရုပ်သံ)

အီရတ်နိုင်ငံ မိုဆူးလ်မြို့မှာ မကြာသေးခင်က အစိုးရတပ်ဖွဲ့နဲ့ အိုင်အက်စ်အဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် အရပ်သားဒဏ်ရာရရှိသူတွေ ပိုများလာပြီး သူတို့ကိုဆေးကုသဖို့ ခက်ခဲနေပါတယ်။ တိုက်ပွဲတွေကြောင့် အိုးအိမ်တွေပျက်စီးခဲ့ပြီး ဒေသခံတွေ ထွက်ပြေးနေရပါတယ်။ အရပ်သားသေဆုံးတာတွေ များပြီး ဒဏ်ရာရသူတွေဟာလည်း ဆေးကုသမှု မရပါဘူး။ အီရတ်တပ်ဖွဲ့က ဆရာဝန် မေဂျာ အာမက် အယ်လ် ဟက်ဆန်က  “ဒဏ်ရာသူတွေများပြီး သူတို့အိမ်တွေမှာပဲ နေကြတယ်။ သူတို့က အိုင်အက်စ်တွေကို ကြောက်နေတော့ ဆေးကုသမှု မရကြဘူး” လို့ ပြောပါတယ်။ ဂျာဒန် အယ်လ် အိုဘီဒေလ် ဆိုသူဒေသခံက သူဟာ စိန်ပြောင်းနဲ့ တိုက်ခိုက်မှုမှာ ပိတ်မိနေကြောင်း၊ အဲဒီတိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံးဒဏ်ရာရခဲကြောင်း၊ သူ့ရဲ့ဝမ်းကွဲအစ်ကိုလည်း ပါသွားကြောင်း ပြောပါတယ်။ မေဂျာ အာမက် အယ်လ် ဟက်ဆန်က “အိုင်အက်စ်တွေက စိန်ပြောင်းပစ်တဲ့အခါ ဓာတုလက်နက်ကိုသုံးတယ်။ အထူးသဖြင့် ကလိုရိုက်ဒ်ကိုသုံးတယ်” လို့ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up